اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ

Saturday, November 22, 2014

အစ္စလာမ်အလင်ရောင်




ဒါဟာ တင်စားပြီး သုံးနူန်းထားခြင်မဟုတ်ပါ။ ကျွန်တော်တို့ လူသားတွေဟာ တကယ်ပဲ အိမ်ထောင်စုတစ်
ုတည်းဖြစ်ပါသည်။ ဘာဖြစ်လို့လဲဆိုရင် လူသားအားလုံးရဲ့ ဖခင်ကြီးဟာ တစ်ဦးတည်းပဲဖြစ်
တဲ့နောက်တော့ ဖခင် တစ်ဦးတည်းကနေ ပေါက်ဖွားလာတဲ့ သူ အားလုံးဟာ ညီအစ်ကိုမောင်နှမတွေပဲဖြစ်နေကြပါသည်။ မိမိက ကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းမှာနေတယ်။ မိမိရဲ့ ညီတေည်မောင်ဖြစ်သူက ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းမှာ နေတယ်။
မိမိရဲ့ ညီတော်မောင်ရဲ့ နေအိမ်ကြီးဟာ မြေငလျင်လှုပ်လို့ဖြစ်ဖြစ် အကြောင်းတစ်ခုခုနဲ့ ပြိုကျပျက်စီးသွားတယ်ဆိုရင် ဝမ်းနည်းကြေကွဲမှုမဖြစ်ရဘူးလာ။ နိုင်ငံခြားမှာအ လုပ် လုပ်နေတဲ့မိမိရဲ့ အစ်ကိုတစ်ယောက် ကားတိုက်လို့ ခြေကျိုးသွားတယ်ဆိုရင် မိမိဘာမှ မခံစားရဘူးလာ။
သူငတ်နေရင်လည်း ဘာမှ  မခံစားရဘူးလား။ ဒါကြောင့်မို့ အစ္စလာမ်က လူသားချင်း စားနာဖို့ဦး
စားပေးညွှန်ကြား ထားတာဖြစ်ပါသည်။ ဖခင်လည်း တစ်ဦးတည်းပါ။ အရှင်သခင်လည်း တစ်ပါးတည်း
ပါ။ ကမ္ဘာအိမ်ထောင်စုကြီးရဲ့ ညီအကိုမောင်နှမတွေအချင်းချင်းဝေမျှစားသောက်ဖို့ အေးအတူးပူအမျှနေထိုင်ကြဖို့ အဲဒီ အရှင်သခင်က မိန့်တော်မူထားပါသည်။
အသင့်အား အလ္လာဟ်အရှင်မြတ်က ကျေးဇူးပြုသကဲ့သို့
အသင်လည် (သူများအား)ကျေးဇူးပြုပါ။ (ကုရ်အာန်-၂၈း ၇၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★

Popular Posts