اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ

Friday, November 21, 2014

အလ္လာဟ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူတိုင်း မိမိအိမ်နီးချင်းကို ဒုက္ခမပေးရ


အလ္လာဟ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူတိုင်း မိမိအိမ်နီးချင်းကို ဒုက္ခမပေးရ
Whosoever believes in Allah and the Last Day, should not harm his neighbour

(သာဝကကြီး)အဘူဟုရိုင်ရဟ်မှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ကိုယ်တော့်အပေါ်သို့ ငြိမ်းချမ်းမှုကျရောက်ပါစေ)က မိန့်တော်မူခဲ့သည်။ “အလ္လာဟ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူ မည်သူမဆို မိမိ၏ အိမ်နီးချင်းကို ဒုက္ခမပေးသင့်၊ ပြီးတော့ အလ္လာဟ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူ မည်သူမဆို မိမိ၏ ဧည့်သည်ကို ဖော်ရွေစွာ ဧည့်ခံရမည်၊ နောက်ပြီးတော့ အလ္လာဟ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူ မည်သူမဆို ကောင်းသောစကားကို ဆိုသင့်သည်၊ သို့မဟုတ်က နှုတ်ဆိတ်နေသင့်သည်။ ( ညစ်ညမ်းသောစကားများနှင့် မကောင်းမှုများအားလုံးမှ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းကို ဆိုလိုသည်။)

ဗုခါရီ သြဝါတော်ကျမ်း၊ စာအုပ်အမှတ် ၈၊ အတွဲ ၇၃၊ သြဝါဒတော် အမှတ် ၄၇


Narrated Abu Huraira:
Allah's Apostle said, "Anybody who believes in Allah and the Last Day should not harm his neighbor, and anybody who believes in Allah and the Last Day should entertain his guest generously and anybody who believes in Allah and the Last Day should talk what is good or keep quiet. (i.e. abstain from all kinds of evil and dirty talk).

Bukhari : Book 8 : Volume 73 : Hadith 47

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★

Popular Posts