اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ စာမျက်နှာ - (၂)
……………………………………………………………………………………………………...................
စာရေးသူ၏အမှာ
စကြာဝဋ္ဌာကို ဖန်ဆင်းတော်မူသောအရှင်၊
စိုးပိုင်သောမူသော အရှင်အား ချီးမွမ်းထောပနာပြု၍ ကျေးဇူးတင်ပါ၏။ ထိုအရှင်သည်
စကြာဝဋ္ဌာကို ဖန်ဆင်းရှင်ဖြစ်သည်။ စကြာဝဋ္ဌာအတွင်းရှိ အဖန်ဆင်းခံအားလုံး၊ မြေ
ပထ၀ီရှိ မြူမှုံ့များထက် ပို၍ များသော
၊အဖန်ဆင်းခံတို့၏ အသက်ရူမူထက်များပြားစွာ ဒရူးဒ်စလာမ် ကျရောက်ပါစေ။
ချီးမွမ်းထောပနာပြုပြီးနောက်ကျွန်တောာ်(စာရေးသူ)လျောက်ထားအပ်ပါသည်။လျှို့ဝှက်ချက်
တစ်ချို့ ဦးနှောက်အတွင်းဝယ် ရှိနေပါသည်။ အများရှေ့ချပြရမှာ ရှက်မိပါသည်။ လူတွေ
သိရန် အသိပေးခြင်းသည်လည်း အလွန်းအရေးကြီးပေသည်။ ဤဘလော့စာမျက်နှာအား
ဖတ်ကြည့်လျှင်သိရမည်။ စာရေး၍ ဘလော့စာမျက်နှာအား အင်တာနက်ပေါ်တွင်တင်ပြီး လူတို့အား
အသိပေးရန် အသင့်တော်ဆုံးဟု ယူဆမိသည်။ ဦးနှောက်ထဲ ရှိတာကို တင်ပြပါသည်။
အရှင့်ကျေးဇူးတော်ပါဘဲ။ ၀မ်းသာပျော်ရွှင်မူလည်း ဖြစ်မိသည်။ အရှင့်မြတ်က
ဤဘလော့စာမျက်နှာအား လက်ခံတော်မူ၍ အင်တာနက်ပေါ်သို့ရောက်ရှိခဲ့ပေသည်။ ထပ်ဆင့်
ဒိုအာပြု ပါသည်။ ဤဘလော့စာမျက်နှာကိုလည်း လူအများလက်ခံပါစေ။
အမှန်တရားကို ပြောရလျှင် ဤဘလော့စာမျက်နှာထဲတွင်
ရေးသားထားသမျှသည် မိဘများပင် မိမိနှုတ်ဖြင့် ပြောမပြနိုင်ပေ။ တစ်ချို့မှာ
ခင်ပွန်းက ဇနီးသည်ကို ပြောမပြနိုင်ပေ။ ရှက်ကြောက်မူကြောင့်ပင် အမှန်မှာ
အရေးကြီးသော အချက်များပင် ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ် ကျွန်ုပ်၏ ဤခိသ်မသ်ကို
လက်ခံတော်မူပါ။ အကျိုးခံစား သူတို့သည် ကျွန်တော့်အတွက် မဂ်ဖိရသ်တောင်းခံပေးကြပါ။
(အားလုံးကို အထူးကျေးဇူးတင်ပါသည်။)
No comments:
Post a Comment