اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ စာမျက်နှာ - (၁)
……………………………………………………………………………………………………..................
ကြီးကျယ်မြတ်ထွဋ်တော်မူသော အို၊ နာ၊ သေခြင်း
ကင်းတော်မူသော အတုလံအတုမရှိ။ တစ်ပါးတည်းတည်ရှိတော်မူသော အလ္လာဟ်အရှင်မြတ်၏
နာမတော်ဖြင့် အစပြုပါ၏။ ငြိမ်းချမ်းသာယာမူ အဖြာဖြာသည် အလ္လာဟ်အရှင်မြတ်၏ အချစ်တော် တမန်တော်မြတ်ပေါ်သို့ ကျရောက်ပါစေ။(အာမီးန်)
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် အစွမ်းအားဖြင့်
ကျွန်ုပ်သည် ဤ(ပူရှီဒါးရာဇ်)
လျှို့ဝှက်ရတနာသိုက်ကို ဘာသာပြန်ဆိုပြီး အင်တာနက် စာမျက်နှာပေါ်တွင်
တင်နိုင်ခဲ့ပေသည်။စာဖတ်ပရိတ်သတ်များအား အထူးမေတ္တာရပ်ခံအပ်သည်မှာ ဤဘလော့စာမျက်နှာပါ
အကြောင်းအရာများသည် ရှက်ဖွယ်ကိစ္စများ အများအပြားပါဝင်နေ၍ဖြစ်ပါသည်။
သို့သော် အချို့မိတ်ဆွေအပေါင်းသင်းတို့မှ ဤဘလော့စာမျက်နှာပါ အကြောင်းအရာများသည် အများမွတ်စလ်မ်များ သိထားသင့်သော ရှရီအသ် အချက်အလက်များဖြင့် တင်ပြထားခြင်း ယနေ့မျက်မှောင့်ခေတ်၏ အိမ်ထောင်ရှင်များအတွင်း တိုက်ဆိုင်မူအများပြားခြင်းတို့ကြောင့် တစ်ကြောင်း၊
မူရင်းဘာသာပြန် ဆရာသခင်ကြီးအား
အလွန်လေးစားကြည်ညိုသည်ကတစ်ကြောင်း၊ ကျွန်ုပ်သည် ဤဘလော့စာမျက်နှာအား
အင်တာနက်ပေါ်တွင် တင်ခဲ့ရခြင်းဖြစ်ပေသည်။
မူရင်းဘာသာပြန်ဆိုသူ ဆရာသခင်သည် အိန္ဒိယနိုင်ငံ
ဘန်ဂလိုမြို့၏ စေထ်ပါလီယာ ဗလီဝတ်ကျောင်းတော်၏ အိမာမ်ရှေ့ဆောင်ဆရာဖြစ်သည့်အပြင်
တိုင်းရင်းဆေးပညာ ကျွမ်းကျင်သော သမားတော်တစ်ဦးလည်းဖြစ်သည်။ ဘန်ဂလိုမြို့တွင်း
ဆေးခန်းဖွင့်လှစ်၍ လက်ရှိလည်း ရောဂါသည် များအား ဆေးဝါးကုသလျက်ရှိပါသည်။
ထို့အပြင်ဆရာသခင်သည် အမလီယာသ်ပိုင်းဆိုင်ရာလည်း ကျွမ်းကျင်သူဖြစ်ပါသည်။
မိမိထံလာရောက်သော ရောဂါသည်များအား တိုင်းရင်းဆေးနှင့် သက်ဆိုင်သူကို
တိုင်းရင်းဆေးဖြင့် ၊ ဂျာဒူးပရောဂါ ဆုံးပူး၊ ဂျင်ပူးသူများကိုလည်း
မိမိအမလီယာသ်အားဖြင့် ထိရောက်စွာကုသလျက်ရှိပါသည်။
ကျွန်ုပ်သည် လျှို့ဝှက်ရတနာသိုက် ဘလော့စာမျက်နှာအား
အင်တာနက်ပေါ်တွင်တင်ရန် ကြန့်ကြာရသည့်မှာ ဘလော့စာမျက်နှာပါ ဆေးနည်းများကို
မြန်မာလိုသိရှိရန် အလွန်ခက်ခဲစွာ ကျိုးပမ်းခဲ့ရပါသည်။ မူရင်းစာအုပ်သည်
အူရ်ဒူဘာသာဖြင့် ထုတ်ဝေထားသော စာအုပ်ဖြစ်ပါသည်။ တိုင်းရင်းဆေးများအား
အူရ်ဒူပင်မဆိုထားနှင့် မြန်မာလိုပင် ကျွန်ုပ်တို့ သိရှိရန်
အများကြီးလိုအပ်လျက်ရှိပါသည်။
ထို့ကြောင့် တချို့သော ဆေးများအား မြန်မာလို
မသိရှိနိုင်ပါ ၍ အူရ်ဒူအတိုင်းသာ ရေးလိုက်ရကြောင်း ၀န်ခံအပ်ပါသည်။
မှတ်ချက်။ ။ဘလော့စာမျက်နှာပေါ်တွင် ဆေးများအား အလေးချိန်ရေးရာတွင် (၁)တိုလာ ၊ (၂)ရသီးလ ၊(၃)မာရှာ ဟုရေးထားရာ ထိုအလေးချိန်များအား မိမိတို့လိုအပ်သလို အသုံးပြုနိုင်ရန် မြန်မာအလေးချိန်များနှင့် အောက်ပါအတိုင်း ကိုက်ညှိပါရန် တင်ပြအပ်ပါသည်။
၁။(၁- တိုလာ)မြန်မာအလေးချိန်နှင့်
တစ်ကျပ်သားပြည့်ရန် ပြားသုံးဆယ်လို။ တစ်ဆယ်တိုလာလျင် မြန်မာအလေးချိန် ၇-
ကျပ်သားနှင့်ညီမျှသည်။
၂။(၁- ရသီးလ်)သည် တစ်ရွှေးသားနှင့် ညီမျှသည်။
၃။(၁- မာရှာ)သည် ဆယ့်နှစ်မာရှာလျင် တစ်တိုလာနှင့်
ညီမျှသည်။
(မှတ်ချက်။
။ စာဖတ်သူ ပရိတ်သတ်များခင်ဗျာ ကျွန်တော် ရေးသားအပ်သော ဤ လျှို့ဝှက်ရတနာသိုက်
ဘလော့စာမျက်နှာပါ အကြောင်းအရာများအား ပို့စ်တစ်ခုနှင့် တစ်ခု ဆက်စပ်မူရှိစေရန်
ပို့စ်တိုင်း၏ အပေါ်ဆုံး လက်ညာဘက် တွင် စာမျက်နှာ နံပါတ်များဖြင့်ဖော်ပြထားပါသည်။)
No comments:
Post a Comment