اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ စာမျက်နှာ - (၁)
…………………………………………………………………………………………………….....................
လူ့ဘ၀ဟူသည် မေတ္တာတရားနှင့် ဖွဲ့စည်းတည်ဆောက်ထားသော
အသိုက်အမြုံတစ်ခုဖြစ်သည်။ မေတ္တာတရားသည်
သက်ရှိတိုင်းအတွက် အလိုအပ်ဆုံး သောအ ရာလည်းဖြစ်သည်။ “မေတ္တာဟာ အေးမြတဲ့
စမ်းချောင်းလေး တစ်ခု” ဟူသော တေးသွားလေးကို ကြားလိုက်ရသည်နှင့်ပင် စိတ်နှလုံးက တေးစာသားထဲ
စိမ့်ဝင် ခံလိုက်ရပါသည်။ မေတ္တာကို ပညာရှင်များက သရုပ်တန်ဖိုး ခွဲကြရာ ၅၂၈ နှင့်
၁၅၀၀ ဟူ၍ဖြစ်လာသည်။ ၅၂၈သည် အေးချမ်းသည်။ လူမမယ် ခလေးအရွယ်မှ အိုမင်းသည်အထိ
ပြောင်းလဲမူမရှိပဲ ဖြူစင်မြဲ ဖြူစင်လျက်ရှိသည်။အရွှယ်ရောက်ပြီးသည့် ကျား၊
မတို့၏နှလုံးအိမ်၌ ၁၅၀၀ တည်းဟူသော အချစ်က မွေးဖွားလာသည်။ ထိုအခါ မိမိ၏ မသိစိတ်က
ဆန့်ကျင်ဘက် ဖို၊ မ တစ်ဦးဦးကို စိတ်ဝင်စားလာတတ်သည်။
ထိုအခါ မိမိ၏အသိစိတ်က တစ်ဦး တစ်ယောက်နှင့် ချစ်ကြည်စွဲလှမ်းမူ ဖြစ်ပေါ်လာသည်။ အချစ်စိတ်၏ အစွဲလှမ်းကြီးမူကြောင့် တဒင်္ဂသာယာမူကို ထာဝရဟု လွဲမှားစွာ သတ်မှတ်မူများသည် ဘ၀၏ စိန်ခေါ်မူ များစွာတို့ကို ရင်ဆိုင်ရင်း ဝေဒနာမိုးများ စိုစွတ်ခဲ့ရသည်အခါ မိမိအပြစ်ကို နောင်တရရင်း ကြေကွဲ ၀မ်းနည်းပူဆွေးမူ ဖြစ်ကြရရှာသည်။
အချို့က အချစ်ကို ကစားချင်သည်။ အချို့က အချစ်ကို မြည်းစမ်းချင်သည်။ အချို့က အစမ်းချစ်ကြည့်ချင်သည်။
စင်စစ် စစ်ပွဲတစ်ရာတိုက်ခိုက်ခဲ့သော စစ်သည်ရင့်မာကြီးများသည် အချစ်စစ်ပွဲ တစ်ပွဲကိုပဲ နိုင်အောင်တိုက်ခိုက်နိုင်ရန် ခက်ခဲကြောင်း ၀န်ခံထားသည် ၀န်ခံချက်များ အများအပြားရှိသည်။ မုဆိုးသည် သားကောင်ဖြစ်ရသကဲ့သို့ မိမိအတတ်ဖြင့် မိမိဆူးရသည့် အဖြစ် သနစ်များလည်းမနည်းလှပေ။ ဖျံရေနစ် ဆိုသကဲ့သို့ မိမိက အပိုင်အနိုင် ဖြစ်သော်လည်း မမျော်လင့်ထားသော အခက်အခဲများ ကြုံတွေ့ရသည့် ဖြစ်ရပ်များသည် ဒုနှင့်ဒေးဟု ဆိုရပေမည်။
ဝေဒနာများအနက် အဆိုးဝါးဆုံးဝေဒနာသည် နှလုံးသား ဝေဒနာပင်ဖြစ်သည်။ ခန္တာကိုယ်တွင် ရိုက်သောဒဏ်ရာသည် ရက်အနည်းငယ်အတွင်းပျောက်နိုင်သော်လည်း နှလုံးသား ဒဏ်ရာသည် ပျောက်ရန်ခက်ခဲသည်။
ထို့ကြောင့် တမန်တော်မြတ်က “နှုတ်သည် ဓါး၊ လှံ လက်နက် တို့ထက် ပြင်းပြသော ဝေဒနာကို ခံစားရစေသည်” ဟု မိန့်ဆိုဖူးသည်။ ထို့ကြောင့်နှလုံးသားရှိသော သတ္တ၀ါတိုင်းကို မေတ္တာထားရမည်။ လူတိုင်း၏ နှလုံးသားကို လေစားရမည်။ စာနာရမည်။သူတစ်ပါး၏ နှလုံးသားကို ဒဏ်ရာမရစေရ။ နှလုံးသားကို နာကျင်အောင် မပြုလုပ်ရ။ မချစ်ပဲ ချစ်ဟန်မဆောင်ရ။ လက်မထပ်နိုင်ပဲ အပျော်သဘော မချစ်ရ။ အိမ်ထောင်မပြုနိုင်ပဲ ချစ်ရေးမဆိုရ။ သူတစ်ပါးကို လှည့်ဖျားပြီး ချစ်ရေးဆိုချင်သည် လွန်စွာ ဆိုးရွ့ာသော ပြစ်မူကို ကျူးလွန်ခြင်းဖြစ်သည်။
ထို့ကြောင့်အချစ်ရှာပုံတော် ဖွင့်ရာတွင် နှလုံးသားနှင့် မဆုံးဖြတ်ပဲ ဘာသာရေး ၊ လူမူရေးကိစ္စရပ်တွင် အမှန်တကယ် လက်တွဲဖော် ဖြစ်နိုင်သည့်သူကိုသာ တစ်လင် တစ်မယားစနစ်နှင့် ရိုးမြေကျ ပေါင်းသင်းနိုင်မည့် ဘ၀ကြင်ဖေါ်အဖြင့် ဦးနှောက်နှင့် ရွှေးချယ်ခြင်း ဖြင့်သာ သာယာဝပြောသော ဘ၀ကို ပိုင်ဆိုင်နိုင်လိမ့်မည်။

No comments:
Post a Comment