اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ

Sunday, November 16, 2014

လျှို့ဝှက်ရတနာသိုက်



 اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ                                           စာမျက်နှာ - (၃)
……………………………………………………………………………………………………...................
လျှို့ဝှက်ရတနာသိုက်

                       ချီးမွမ်းခြင်းအပေါင်းတို့သည် တုဘက်နိုင်းယှဉ်ခြင်းမရှိသော တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်အတွက် ဖြစ်တော်မူ၏။ ထိုအရှင်သာလျင် ကောင်းချီးအပေါင်းတို့ကို ထိုက်တန်သော အရှင်မြတ် ဖြစ်တော်မူသည်။ မရေမတွက်နိုင်သော စွလ၀ါးသ်စလာမ် လက်ဆောင်ကို ကျွန်ုပ်တို့ အားလုံးတို့မှ နောက်ဆုံးတမန်တော်မြတ်၏ စင်ကြယ်သော ၀ိညာဉ်ပေါ်သို့ ကျရောက်ပါစေ။ ရစူလ်နဗီ အားလုံးအပေါ် စလာမ်ကျရောက်ပါစေ။ ဆွဟာဗဟ်များနှင့် ၀လီသူတော်စင်များ အပေါ်ကျရောက် ပါစေ။


             အလ္လာဟ်အရှင်မြတ်က အမိန့်ရှိသည် ဘာလဲ အင်န်စာန် လူသားသည် မနီ အစက် တစ်စက်မျှ မဟုတ်ပါသလော။ ၎င်းးအစက်ကို ကျရောက်စေ၍ သွေးတုံးဖြစ်စေသည်။ ထို့နောက်တွင် အလ္လာဟ်အရှင်မြတ်က ပြည့်ဝသော ပုံသဏ္ဍာန်ကို ပြုလုပ်ခဲ့ပေသည်။ အမျိုးမျိုးသော အစိတ်အပိုင်းများကို ပုံမှန်ဖြစ်စေသည်။ ထို့နောက်၎င်းကို နှစ်မျိုး နှစ်စား ဖန်ဆင်း၏။

                   တစ်မျိုးမှာ အမျိုးသာ၊ အခြားတစ်မျိုးမှာ အမျိုးသမီး ဖြစ်သည် မဟုတ်ပါလော။ ဘာလဲ အလ္လာဟ်အရှင်မြတ်သည် သေသူများကို ရှင်ပြန်ထစေရန် မတတ်စွမ်းနိုင် ပါသလော။ အို- လူးသားတို့ အသင်တို့သည် သေပြီးနောက် ရှင်ပြန်ထရမည့် ကိစ္စတွင် သံသယရှိလျှင် စဉ်းစားကြစမ်းပါ။ ငါအရှင်မြတ်သည် အသင်တို့အား မြေကြီးမှ ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် မနီသုတ်ရည်မှတဆင့် သွေးတုံး၊ သွေးခဲမှ။ ထို့နောက် အသားတုံးမှ ၎င်းကို ဖန်တီးရာတွင် တစ်ချီု့ပြည့်ဝစွာ ပြီးမြောက်သွား၏။ တစ်ချို့ ချို့ယွင်းလျော့ နည်းသွားလေသည်။

         ဤသို့ဖြစ်ရသည်မှာ အသင်တို့အဖို့ အမှန်စင်စစ် ထင်ရှားရန် ဖြစ်သည်။ ငါအရှင်မြတ်အလိုရှိသော မနီသုတ်ရည်ကို သီးသန့် အချိန်ကာလတစ်ခုထိ သားအိမ်၌ထား၍ ထို့နောက်တွင် ကလေးငယ်တစ်ဦး၏ ရုပ်ပုံဖြင့် ဆွဲထုတ်လိုက်လေသည်။ အသင်တို့အား ထိန်းသိမ်းမွေးမြူလေသည်။ အသင်တို့ အရွယ်ရောကသ်ည် အထိဖြစ်သည်။ အသင်တို့ထဲမှ တစ်ချို့ကို ပြန်ခေါ်၍ တစ်ချို့ကို အသက်ကြီးရင့်သည် အထိတိုင် ထားလေသည်။

      ထို့သို့ အားလုံးသိရှိပြီးနောက် ထပ်ဆင့်ပြီး လူသားနှစ်မျိုးအကြောင်း ရှင်းပြထားသည်။ (၁) အမျိုးသား (ဖိုထီး)၊ (၂) အမျိုးသမီး (ဖိုမ)၊ အချင်းချင်း သင်တို့သည် တစ်ဦးနှင့် တစ်ဦး ဤသို့ ရင်းနှီးလေးနက်သော ဆက်သွယ်မူရှိနေ၏။ အမျိုးသားသည် သဘာဝအ လျောက် အမျိုးသမီးကို တောင့်တလိုလား၏။ ဤနည်းအတိုင်းပင် အမျိုးသမီးကလည်း အမျိုးသားကို သဘာဝအလျောက် တောင့်တလိုလားရသည်။

         ဤသို့ဆန္ဒများကို ဖြည့်ဆည်းရာတွင် ပြုပိုင်ခွင့်ရှိသော နည်းကို “ နိကာဟ်” ဟုခေါ်လေသည်။ ဥပမာ - ကြော်ကြားသော ဟဒီးဆ်လာရှိသည်။ နိကာဟ်သည် စွန္နသ်ဖြစ်သည်။ သို့သော် နိကာဟ် လေးမျိုးရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★

Popular Posts