اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ စာမျက်နှာ - (၄)
……………………………………………………………………………………………………...................
နိကာဟ်
၎- မျိုးရှိသည်။
၁။ ဖရဇ် ထိုက်သော နိကာဟ်
၂။ စွန္နသ်၏ အကျိုးဆ၀ါသ်ရသော နိကာဟ်
၃။မက္ကရူးဟ် ဂိုနာထိုက်သော နိကာဟ်
၎။ဟရာမ် ကြီးလေးသော အပြစ်ဂိုနာထိုက်သော နိကာဟ်
၁။
။(နိကာဟ်ဖရဇ်)မှာ အမျိုးသားတစ်ယောက်ဖြစ်စေ၊ အမျိုးသမီးတစ်ယောက်ဖြစ်စေ
ဇေနာတွင် နစ်မွန်း သွားလောက်အောင် အင်အားများခဲ့သော် ခန္တာကိုယ်အင်အားနှင့် အတူ
ပစ္စည်းဥစ္စာ အင်အားလည်းရှိသော် ဤသို့သော အခြေအနေတွင် နိကာဟ် ဖရဇ်ဖြစ်သွားပေသည်။
၂။
။(နိကာဟ် စွန္နသ်)မှာ အမျိုးသားသည် ယောကျာ်းအား (ကာမစပ်ရှက်ခြင်စိတ်)
များလည်း မများ၊ လုံးဝခမ်းခြောက်သွားခြင်းလည်းမရှိ။ သင့်တင့်မျှတစွာရှိလျှင်
ဇနီးသည် ၀တ္တရား ထမ်းဆောင်နိုင်သော် ဤသို့သော် အဖြစ်၌ နိကာဟ်ပြုခြင်း စွန္နသ်ဖြစ်သည်။
၃။
။(နိကာဟ်မက္ကရူးဟ်)မှာ အကယ်၍ နိကာဟ်ပြုလျှင် ဇနီးသည်၏ တာဝန်များကို
ကျေပြွန်စွာ ထမ်းဆောင်နိုင်မည် မဟုတ်ဟု ထင်မြင်ယူဆရလျှင် နိကာဟ်ပြုခြင်း
မက္ကရူးဟ်ဖြစ်သည်။
၎။
။(နိကာဟ်ဟရာမ်)မှာ ယောကျာ်းသည် ခိုင်မာစွာ ယုံကြည်၏ တစ်ကယ်ပဲ နိကာဟ်ပြုလုပ်လျှင်
ဇနီးသည်၏ ၀တ္တရားများကို ထမ်းဆောင်နိုင်မည်မဟုတ်၊ ဇနီးသည်အပေါ် အဓမ္မပြုခြင်းက
လွဲ၍မည်သို့မျှ မိမိဘက်က အကျိုးမပြုနိုင်။ ဇနီးသည်၏ တာဝန်များ
မထမ်းဆောင်နိုင်ကြောင်း အသေအခြာ ယုံကြည်ရပါက ဤသို့သော အဖြစ်၌ နိကာဟ်ပြုလုပ်ခြင်း ဟရာမ်ဖြစ်ပေသည်။
ကောင်းစွာ သဘောပေါက်ပါ။ အကယ်၍ ဆန္ဒဖြည့်ဆည်းခြင်းသည် ဟလာလ် နည်းလမ်းဖြင့် မဟုတ်ပါက
၎င်းသည် နည်းလမ်းသုံးခု ရှိ၏။ သုံးခုစလုံး ဟရာမ်ဖြစ်သည်။
၁။ ဇေနာ
၂။လက်ဖြင့်(သို့)တစ်ခြား နည်းဖြင့် သုတ်ရည်ထုတ်ခြင်း
၃။နောက်လမ်း၌ ဆန္ဒဖြည့်
No comments:
Post a Comment