اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ

Saturday, November 22, 2014

အစ္စလာမ်နဲ့ပက်သက်ပြီး သိသင့်သိအပ်သော


မိုဘိုင်းဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်း၊ သိမ်းဆည်းထားခြင်း၊ ကြည့်ရှုပြသခြင်းသည့် ရှရီအသ်အရမပြုပိုင်ချေ။ ဓာတ်ပုံရိုက်ခြင်းသည်ဂိုနာဟ်ဖြစ်ပြီး ကြည့်ရှုခြင်းသည်လည်းဂိုနာဟ်ဖြစ်သည်။
မကြည့်ပိုင်သောအမျိုးသမီးများ၏ဓာတ်ပုံရိုတ်ဖြင်း၊ကြည့်ခြင်းသည် ပို၍ပင် ကြီးလေးသော ဂုနာဟ်ဖြစ်သည်။
ရုပ်ပုံရိုက်ခြင်း ရေးဆွဲခြင်း ရိုက်ကူးခြင်းတို့သည်ဟရာဟ်ဖြစ်ကြောင်းဟဒီးစ်တော်များဖြင့်သိရှိရပါသည်။ ကိယာမသ်နေ့တွင် ကြောက်မက်ဖွယ် အကောင်းဆုံး အဇားဗ်ပြစ်ဒဏ်သည် သက်ရှိရုပ်ပုံရေးဆွဲ ရိုက်ကူးသူများအဖို့ဖြစ်သည်။


အထူးသဖြင့် သေဆုံးကွယ်လွန်သူကို ဓာတ်ပုံရိုက်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်ကရုဏတော်နှင့် ကင်းဝေးစေပါသည်။ထို့ကြောင့် ယင်းသတိပေးချက်ကို ရှေ့ဝယ်ထားပြီး မိမိကိုယ်တိုင်လည်း ရှောင်ကြဉ်ရပါမည်။ အခြားသူများကိုလည်း ချိုသာနူးညံ့စွာဖြင့် ရှင်းပြ၍ ရှောင်ကြဉ်ခိုင်းရပါမည်။
ကင်မရာပါသော မိုဘိုင်းဖုန်းဝယ်ယူခြင်း ပြုပိုင်သော်လည်း သက်ရှိမပါသော ရှုခင်းများကိုသာ ရိုက်ကူးခွင့်ရပြီး သက်ရှိအရာများကို ရိုက်ကူးခြင်းမပိုင်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★

Popular Posts