(ပြန်လည်အောက်မေ့သတိရပါလေ၊)
အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့၊ "အို-မရ်ယမ်
၏သား အီစာ၊ အသင်က လူတို့အား အသင်တို့သည် အလ္လာဟ် အရှင်မြတ်အပြင်
ကျွန်ုပ်(အီစာ)ကိုလည်းကောင်း၊ ကျွန်ုပ်၏မယ်တော် (မရ်ယမ်)ကိုလည်းကောင်း၊
ကိုးကွယ်ရာ(ဘုရား)နှစ်ပါး မှတ်ယူကြ လေကုန်ဟု ပြောကြားခဲ့ပါသလော"။ ထိုအခါ
(အီစာ)(အလိုင် ဟစ္စလာမ်)သည် (ဤသို့)လျှောက်ထား ပြန်ကြားပေအံ့။ ("အို -
အရှင်) အရှင်မြတ်သည်သန့်ရှင်းစင်ကြယ်တော်မူပါ၏။ ကျွန်တော် မျိုးမှာ
မိမိမပြောထိုက် သောစကားကို ပြောဆိုခွင့် အလျင်း မရှိပါ။
အကယ်၍သာ ကျွန်တော်မျိုးသည် ထိုစကားကို ပြောဆိုမိခဲ့ပါမူ၊ အရှင်မြတ် သည်
ထိုပြောဆိုသည်ကို မုချသိရှိ တော်မူပြီးပင် ဖြစ်ပါသည်။ အရှင်မြတ်သည်
ကျွန်တော်မျိုး၏ စိတ်တွင်း ၌ရှိသမျှတို့ကို (အကြွင်းမဲ့)သိရှိတော်မူပါ၏။
သို့ရာတွင် ကျွန်တော်မျိုးမှာ မူကား အရှင်မြတ်၏စိတ်တွင်း ၌ရှိသည်တို့ကို
မသိပါ။ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌
ရှိသမျှတို့ကိုအအကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူပါသတည်း။ (၅း၁၁၆)
And behold! Allah will say: "O Jesus the son of Mary! Didst thou say unto men, worship me and my mother as gods in derogation of Allah'?" He will say: "Glory to Thee! never could I say what I had no right (to say). Had I said such a thing, thou wouldst indeed have known it. Thou knowest what is in my heart, Thou I know not what is in Thine. For Thou knowest in full all that is hidden. (5: 116)

No comments:
Post a Comment