اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ

Saturday, April 13, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

၎င်းနောက် ထိုနေ့မှာပင်) အကြင်အခါဝယ်အလ္လာဟ်အရှင်မြတ်သည် (တမန်တော်အီစာသခင်အား ဤသို့)မိန့်ကြားတော်မူအံ့၊ အို-မရ်ယမ်၏ သား အီစာ၊ အသင်သည်မိမိအပေါ်၌လည်းကောင်း၊ မိမိ၏ မိခင်အပေါ်၌လည်းကောင်း၊ငါအရှင်မြတ်ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့ သတိရပါ လေ။ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား "ရူဟုလ်ကုဒွတ်စ်" ဖြင့် ကူညီထောက်မတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် ပုခက်တွင်း၌ (အမိရင်ခွင်၌)လည်းကောင်း၊ အသက်အရွယ်ကြီးပြင်းလာ သည့်အခါ၌လည်းကောင်း၊ လူတို့နှင့်(တမျိုးတစားတည်း) စကားပြောဆိုခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ကောင်းကင်ကျ ကျမ်းဂန်များကို လည်းကောင်း၊ ‘ဟစ်က်မတ် အသိဥာဏ် အထူးအမြင်ကိုလည်းကောင်း၊ ‘တောင်ရာတ်နှင့် အိင်န်ဂျီလ်ကျမ်းဂန်များကိုလည်းကောင်း၊ သင်ကြားပို့ချတော်မူခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအသျှင်မြတ်၏အမိန့်တော်ဖြင့် မြေဖြင့် အသင်သည် ငှက်၏သဏ္ဍာန်ကဲ့သို့ပြုလုပ်၍ ထိုအရာတွင် မှုတ်၏။ ထိုအခါ ထိုအရာသည်ငါအသျှင်မြတ်၏ အမိန့်တော်ဖြင့် (အသက်ရှင်သော ပြကတေ့)ငှက်သတ္တ၀ါ ဖြစ်သွားလေ၏။ ၎င်းပြင် အသင်သည်ငါအရှင်မြတ်၏ အမိန့်တော်ဖြင့် (အမိဝမ်းတွင်းမှ) မျက်စိအလင်း မရရှိသောသူတို့ကိုလည်းကောင်း၊ ခရုသင်းစသောကုဌနူနာ စွဲကပ်လျက်ရှိသောသူတို့ကိုလည်းကောင်း၊ ပျောက်ကင်းစေ၏။ ၎င်းပြင် အကြင်အခါဝယ် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် သူသေများကို (ရှင်စေပြီးသင်းချိုင်းတွင်းမှ) ထွက်စေခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ကို အသင့်(အားဖမ်းဆီး ကွပ်မျက်ခြင်း)မှ တားဆီးတော်မူခဲ့၏၊ အကြင် အခါဝယ် အသင်သည်၎င်းတို့ထံသို့ ထင်ရှားလှစွာသော သက်သေလက္ခဏာ (တန်ခိုးပြာဋိဟာ)များကို ယူဆောင်သွားခဲ့၏။ ပြီးနောက် ၎င်းတို့အနက်မှ မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့သူတို့က "ဤကား ထင်ရှားသော စုန်းပရောဂအတတ်မျှဖြစ်သည်" ဟု ပြောဆိုခဲ့ကြ၏။ (၅း၁၁၀)

Then will Allah say: "O Jesus the son of Mary! Recount My favour to thee and to thy mother. Behold! I strengthened thee with the holy spirit, so that thou didst speak to the people in childhood and in maturity. Behold! I taught thee the Book and Wisdom, the Law and the Gospel and behold! thou makest out of clay, as it were, the figure of a bird, by My leave, and thou breathest into it and it becometh a bird by My leave, and thou healest those born blind, and the lepers, by My leave. And behold! thou bringest forth the dead by My leave. And behold! I did restrain the Children of Israel from (violence to) thee when thou didst show them the clear Signs, and the unbelievers among them said: 'This is nothing but evident magic.' (5:110)

Photo: ၎င်းနောက် ထိုနေ့မှာပင်) အကြင်အခါဝယ်အလ္လာဟ်အရှင်မြတ်သည် (တမန်တော်အီစာသခင်အား ဤသို့)မိန့်ကြားတော်မူအံ့၊ အို-မရ်ယမ်၏ သား အီစာ၊ အသင်သည်မိမိအပေါ်၌လည်းကောင်း၊ မိမိ၏ မိခင်အပေါ်၌လည်းကောင်း၊ငါအရှင်မြတ်ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့ သတိရပါ လေ။ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား "ရူဟုလ်ကုဒွတ်စ်" ဖြင့် ကူညီထောက်မတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် ပုခက်တွင်း၌ (အမိရင်ခွင်၌)လည်းကောင်း၊ အသက်အရွယ်ကြီးပြင်းလာ သည့်အခါ၌လည်းကောင်း၊ လူတို့နှင့်(တမျိုးတစားတည်း) စကားပြောဆိုခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ကောင်းကင်ကျ ကျမ်းဂန်များကို လည်းကောင်း၊ ‘ဟစ်က်မတ် အသိဥာဏ် အထူးအမြင်ကိုလည်းကောင်း၊ ‘တောင်ရာတ်နှင့် အိင်န်ဂျီလ်ကျမ်းဂန်များကိုလည်းကောင်း၊ သင်ကြားပို့ချတော်မူခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအသျှင်မြတ်၏အမိန့်တော်ဖြင့် မြေဖြင့် အသင်သည် ငှက်၏သဏ္ဍာန်ကဲ့သို့ပြုလုပ်၍ ထိုအရာတွင် မှုတ်၏။ ထိုအခါ ထိုအရာသည်ငါအသျှင်မြတ်၏ အမိန့်တော်ဖြင့် (အသက်ရှင်သော ပြကတေ့)ငှက်သတ္တ၀ါ ဖြစ်သွားလေ၏။ ၎င်းပြင် အသင်သည်ငါအရှင်မြတ်၏ အမိန့်တော်ဖြင့် (အမိဝမ်းတွင်းမှ) မျက်စိအလင်း မရရှိသောသူတို့ကိုလည်းကောင်း၊ ခရုသင်းစသောကုဌနူနာ စွဲကပ်လျက်ရှိသောသူတို့ကိုလည်းကောင်း၊ ပျောက်ကင်းစေ၏။ ၎င်းပြင် အကြင်အခါဝယ် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် သူသေများကို (ရှင်စေပြီးသင်းချိုင်းတွင်းမှ) ထွက်စေခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ကို အသင့်(အားဖမ်းဆီး ကွပ်မျက်ခြင်း)မှ တားဆီးတော်မူခဲ့၏၊ အကြင် အခါဝယ် အသင်သည်၎င်းတို့ထံသို့ ထင်ရှားလှစွာသော သက်သေလက္ခဏာ (တန်ခိုးပြာဋိဟာ)များကို ယူဆောင်သွားခဲ့၏။ ပြီးနောက် ၎င်းတို့အနက်မှ မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့သူတို့က "ဤကား ထင်ရှားသော စုန်းပရောဂအတတ်မျှဖြစ်သည်" ဟု ပြောဆိုခဲ့ကြ၏။ (၅း၁၁၀)

Then will Allah say: "O Jesus the son of Mary! Recount My favour to thee and to thy mother. Behold! I strengthened thee with the holy spirit, so that thou didst speak to the people in childhood and in maturity. Behold! I taught thee the Book and Wisdom, the Law and the Gospel and behold! thou makest out of clay, as it were, the figure of a bird, by My leave, and thou breathest into it and it becometh a bird by My leave, and thou healest those born blind, and the lepers, by My leave. And behold! thou bringest forth the dead by My leave. And behold! I did restrain the Children of Israel from (violence to) thee when thou didst show them the clear Signs, and the unbelievers among them said: 'This is nothing but evident magic.' (5:110)

http://tanzil.net/#trans/en.yusufali/5:110

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★

Popular Posts