ဧကန်စင်စစ်
အလ္လာဟ်အရှင်မြတ်သည် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်
ခြင်း၊ အမိန့်တော်ကို သွေဖည်ငြင်းပယ်ခြင်း၊ အစရှိသောပြစ်မှုများနှင့်
မိမိတို့ကိုယ်ကို ဖုံးလွမ်းစေသောသူတို့အား) အလွန်ပြင်းထန်စွာ
ပြစ်ဒဏ်ပေးတော် မူမည်ဖြစ်ကြောင်းနှင့် စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်
(ထိုတစ်ဆူတည်းသော အရှင်မြတ်အား ယုံကြည်ဆည်းကပ်၍ ကောင်းမြတ်သော သီလများကို
ဆောက်တည်ကြကုန်သောသူတို့အား) အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့်
ပေးတော်မူသောအရှင်၊ အလွန်တရာမျှ သနားညှာတာတော်မူသောအရှင်၊
ဖြစ်တော်မူကြောင်းကို အသင်တို့သည်ကောင်းစွာ သိထားကြလေကုန်။ (၅း၉၈)
Know ye that Allah is strict in punishment and that Allah is Oft-forgiving, Most Merciful. (5:98)
Know ye that Allah is strict in punishment and that Allah is Oft-forgiving, Most Merciful. (5:98)
No comments:
Post a Comment