၂၉။ ဧကန်စင်စစ်
ပြစ်မှုကျူးလွန်ခဲ့ကြသော သူတို့သည် ‘‘မုအ်မင်န်’’ သက်ဝင်ယုံကြည်သူတို့ အပေါ်၌ ရယ်မောလေ့ ရှိခဲ့ကြကုန်၏။
၃၀။ ၎င်းပြင်
ထိုသက်ဝင်ယုံကြည်သူတို့သည် ၎င်းတို့အနီးမှ ဖြတ်၍ လျှောက်သွားကြသောအခါ
၎င်းတို့သည်
မျက်ရိပ်ပြ (ကာ ကျီစယ်)လေ့ရှိခဲ့ကြကုန်၏။
တို့၏
အကြောင်းများကို စားမြုံ့ပြန်၍) ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။ (ရယ်မောမြူးတူး
ကျီစယ်
ကြကုန်၏)။
၃၂။ ထိုမှတစ်ပါး
၎င်းတို့သည် ထိုသက်ဝင်ယုံကြည် သူတို့အား တွေ့မြင်ကြသောအခါ ‘‘ဧကန်မလွဲ
ဤသူ တို့သည်
အမှန်ပင် လမ်းလွဲသူများ ဖြစ်ကြသည်’’
ဟု
ပြောဆိုကြကုန်၏။
၃၃။ စင်စစ်သော်ကား
၎င်းတို့သည် ထိုသက်ဝင် ယုံကြည်သူတို့အပေါ်၌ ကြီးကြပ် အုပ်ထိန်းသူများ အဖြစ်
စေလွှတ်ခြင်း ခံခဲ့ကြရသည် မဟုတ်ပေ။
၃၄။ သို့ဖြစ်ပေရာ
ယနေ့သော်ကား ‘‘မုအ်မင်န်’’
သက်ဝင်ယုံကြည်သူတို့သည်
‘‘ကာဖိရ်’’ သွေဖည်
ငြင်းပယ်သော
သူတို့အပေါ်ဝယ် ရယ်ကြပေမည်။
၃၅။
ထိုသက်ဝင်ယုံကြည်သူတို့မှာ သလွန်များ ထက်ဝယ် စံမြန်းလျက် ကြည့်ရှုကြပေမည်။
၃၆။ ‘‘ကာဖိရ်’’ သွေဖည်ငြင်းပယ်သော သူတို့သည် မိမိတို့
ပြုလုပ်လေ့ရှိခဲ့ကြသော အပြုအမူ
တို့၏ အကျိုး
ပေးဆပ်ခြင်းကို ခံကြရပြီမဟုတ်လော။[1]
လူ့လောက၌
ဒုစရိုက်မှုများတွင် နစ်မွန်း၍ ဆိုးမိုက်နေသော ကာဖိရ်များသည် မုအ်မင်န်များအား
အထင်အမြင်သေးကာ ပြက်ရယ်သမှု ပြုလေ့ရှိကြသည်။ ၎င်းတို့အနီးမှ မုအ်မင်န်များ ဖြတ်သွား
လျှင်
မျက်ရိပ်ပြကာ ကျီစယ်လေ့ ရှိခဲ့ကြသည်။ မိမိတို့၏ အိမ်သူအိမ်သားများထံ ပြန်ကြသောအခါ
မုအ်မင်န်များ၏ အကြောင်း စားမြုံ့ပြန်ပြီး အားပါးတရ ပြက်ရယ်လေ့ ရှိကြသည်။
ကာဖိရ်များသည် မုအ်မင်န်များကို မြင်သောအခါ မိမိတို့၏ ထင်မြင်ယူဆချက်အရ ဤသူများသည်
အမှန်မုချ လမ်းလွဲမှားသူများ ဖြစ်ကြသည် ဟူ၍ပင် ဆိုလေ့ ရှိခဲ့ကြသည်။ ဤသို့ဖြင့်
ကာဖိရ်များသည် မုအ်မင်န်တို့အား ရှေ့တွင်တစ်မျိုး၊ ကွယ်ရာတစ်ဖုံ၊ မျက်ရိပ်ပြ၍
တစ်နယ်၊ ဖွင့်ဟ၍တစ်သွယ် ပြက်
ရယ်သမှု
ပြုခဲ့ကြလေသည်။
အမှန်မှာ ကာဖိရ်များသည် မုအ်မင်န်များအား
ကြီးကြပ်အုပ်ထိန်းသူများလည်း မဟုတ်ကြပေ။ သူတစ်ပါးအား ပြက်ရယ်ပြုနေရန် မလိုပေ။
သူတစ်ပါးအရေးထက် ကိုယ့်အရေး တွေးကြရပေမည်။
ယခုမူ အမှန်တရား
ရရှိနေကြသော မုအ်မင်န်များကိုပင် ပြက်ရယ်သမှု ပြုနေကြသည်။ မိမိတို့အရေး
ကို မေ့နေကြသည်။
ဤကား မဟာအမှားပင်၊ မိုက်မဲမှုပင်။ ယင်းသို့သော ကာဖိရ်များသည် ‘‘သူ့ကိုငါ
ဖျက်
ငါလျှင်ပျက်’’ ဆိုသကဲ့သို့ ကိယာမသ်နေ့တွင် မိမိတို့
မိုက်မဲမှု၊ ဆိုးသွမ်းမှုများ၏ အကျိုးကို လှလှ
ကြီးခံစားရမည်။
၎င်းတို့ အထင်အမြင် သေးခဲ့သော၊ ပြက်ရယ်သမှုပြုခဲ့သော မုအ်မင်န်များသည်
ဂျန္နသ်သုခဘုံတွင်
စံမြန်းလျက် ရှိကြမည်။ တစ်ချိန်က ၎င်းတို့သည် မုအ်မင်န်တို့အား ပြက်ရယ်ခဲ့
ကြသည်။ ယနေ့ မုအ်မင်န်များသည်
၎င်းတို့အားကြည့်၍ ရယ်ကြမည်။ ဤကား မည်သူမပြု မိမိမှုပင်၊ ကိုယ့်ရှုးကိုယ်ပတ်ခြင်းပင်။ ဤသည့်သဘောကို ကုရ်အာန် (၂၃း ၁၀၀- ၁၁၁)
တွင်လည်း မိန့်ဆိုထား
တော်မူသည်။
No comments:
Post a Comment