اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ

Friday, February 1, 2013

အလေး တင်းတောင်း စဉ်းလဲခြင်းကဏ္ဍ အာယသ်တော် ၁ မှ ၁၀ အထိ





ဤကဏ္ဍသည် ‘‘သသ်ွဖီးဖ်’’ အလေးတင်းတောင်း စဉ်းလဲခြင်းအကြောင်း ပါဝင်သော ကဏ္ဍ   
မည်၏။ မက္ကာမြို့တော်၌ ကျရောက်ခဲ့၏။ ဤကဏ္ဍတွင် အာယသ်တော်(၃၆)ပါး ပါရှိ၏။

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော၊ မဟာကရုဏာရှင် ဖြစ်တော်မူသော အလ္လာဟ်
အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။
၁။ အလေး၊ တင်းတောင်း၊ ခွက်၊ စသည်ကို စဉ်းလဲသူတို့သည် ပျက်စီးကြရပေမည်။
၂။ အကြင်သူတို့သည် သူတစ်ပါးထံမှ ခြင်တွယ်၍ ယူကြရသောအခါ အပြည့်(ခြင်၍) ရယူ
ကြလေသည်။
၃။ သို့ရာတွင် ၎င်းတို့သည် သူတစ်ပါးတို့အား ခြင်တွယ်၍သော် လည်းကောင်း၊ သူတစ်ပါးတို့
အား ချိန်တွယ်၍သော် လည်းကောင်း၊ ပေးကြသောအခါ လျှော့၍ ပေးကြလေသည်။
၎။ ၎င်းတို့သည် မိမိတို့မှာ ဧကန်အမှန် ရှင်ပြန်ထကြရမည့် သူများ ဖြစ်ကြသည်ကို မယုံကြည်ကြ 
 လေသလော။
၅။ ကြီးကျယ်လှစွာသော နေ့တွင်။
၆။ အကြင်နေ့တွင် လူခပ်သိမ်းတို့သည် စကြဝဠာ ခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရပ်ကြကုန်အံ့သတည်း။[1]
၇။ အလျှင်းမဟုတ်၊ ဧကန်စင်စစ် ဒုစရိုက် ကျူးလွန်သောသူတို့၏ မှတ်တမ်းသည် ‘‘စစ်ဂ်ျဂျီန်’’ ၌ရှိ၏။
၈။ ‘‘စစ်ဂ်ျဂျီန်’’သည် မည်သည့် အရာဖြစ်ကြောင်း အသင် သိပါသလော။
၉။ (ယင်းစစ်ဂ်ျဂျီန်’’ မှာ) ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ် တစ်အုပ်ပင် ဖြစ်ချေသည်။[2]
၁၀။ ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြသော သူတို့သည် ပျက်စီးကြရပေမည်။


[1]    အလေးတင်းတောင်း မစဉ်းလဲရ။
အလေးတင်းတောင်း စဉ်းလဲသူများသည် သူတစ်ပါးထံမှ ခြင်တွယ်ဝယ်ယူ ကြသောအခါ အပြည့် 
ခင်ယူကြသည်။ သူတစ်ပါးတို့အား ခြင်၍သော် လည်းကောင်း၊ ချိန်၍သော် လည်းကောင်း ပေးကြ
သောအခါ လျှော့၍ပေးကြသည်။ ဤသည် မတရားပြုခြင်းပင်။ ခေါင်းပုံဖြတ်ခြင်းပင်။ ထိုသို့သော  
အလေးတင်းတောင်း စဉ်းလဲသူများသည် ပျက်စီးကြရမည်သာ ဖြစ်သည်။
ယင်းသို့သော သူများသည် တစ်ရက် ငါတို့သည် ရှင်ပြန်ထကြရဦးမည်။ ထိုနေ့တွင် လူသားအား
လုံးတို့သည် အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက် ရောက်ကြရမည်။ လူ့လောကတွင် မိမိတို့ 
ပုမူခဲ့ကြသည်များနှင့် စပ်လျဉ်း၍ စာရင်းအင်း ရှင်းကြရမည်ကို မတွေးမိကြပေ၊ မယုံကြည်ကြပေ။
သို့တွေးမိကြပါက ယုံကြည်ကြပါက ၎င်းတို့သည် အလေးတင်းတောင်း စဉ်းလဲကြမည် မဟုတ်ပေ၊ 
ခေါင်းပုံဖြတ်ကြမည် မဟုတ်ပေ။ မတရားမှု အလျှင်းပြုကြမည် မဟုတ်ပေ။
 
ရောင်းဝယ်ရာတွင် အလေးတင်းတောင်း မစဉ်းလဲရမည့် အကြောင်း၊ အပြည့်အဝ ပေးရမည့်
အကြောင်း ကုရ်အာန်ကျမ်းမြတ်တွင် မြောက်မြားစွာသော နေရာများ၌ မိန့်ဆိုထားတော်မူပေ
သည်။ ကြည့်- ကုရ်အာန် (၆း၁၅၃။ ၇း၈၅။ ၁၁း၈၄-၈၅။ ၁၇း၃၅။ ၂၆း၁၈၁-၁၈၃။ ၅၅း၇၇-)
အလ္လာဟ်အရှင်မြတ်သည် တမန်တော်ရှုအိုက်ဗ်၏ အမျိုးသားများကို အလေးတင်းတောင်း စဉ်း
လဲခဲ့ကြ သည့်အတွက် ကွပ်မျက်တော်မူခဲ့သည် မဟုတ်ပါလော။ ကြည့်- ကုရ်အာန် (၇း၈၅-၉၃။ ၁၁း၈၄-၉၅။ ၂၆း၁၇၆-၁၉၁) ဤအကြောင်းနှင့် စပ်လျဉ်း၍ ကုရ်အာန် (၇း၈၅)၏ အဖွင့်တွင် အကျယ်ရေးသားခဲ့ပေပြီ။
[2]     ‘‘စစ်ဂ်ျဂျီန်’’
‘‘စစ်ဂ်ျဂျီန်’’သည် ကာဖိရ် သူယုတ်မာများ၏ အမည်နာမများ ရေးမှတ်ထားသော မှတ်တမ်းစာအုပ် 
 ဖြစ်သည်။ အချို့ ရိဝါယသ် ကျမ်းချက်များကို ကြည့်ခြင်းအားဖြင့် ‘‘စစ်ဂ်ျဂျီန်’’ သည် အဆိုပါ မှတ်
တမ်းစာအုပ် ထားရာဌာနဖြစ်ကြောင်း၊ ကာဖိရ် သူယုတ်မာများ၏ ဝိညာဉ်များကိုလည်း ထိုဌာနမှာ
ပင် ထားရှိကြောင်း သိရလေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★

Popular Posts