اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ

Sunday, February 3, 2013

အလေး တင်းတောင်း စဉ်းလဲခြင်းကဏ္ဍ ၁၁ မှ ၁၉ အထိ





၁၁။ အကြင် သူတို့သည် အစားပေးမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။

၁၂။ စင်စစ် ယင်းအစားပေးမည့်နေ့ကို ကျူးကျော်သူ၊ အလွန် ပြစ်မှုထင်ရှားသော သူသည်သာ
လျှင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိ၏။



၁၃။ ၎င်း၏ရှေ့ဝယ် ငါအရှင်မြတ်၏ အာယသ် တော်များ ဖတ်ကြားသောအခါ ‘‘ဤသည် ရှေးလူ 
ဟောင်းတို့၏ ပုံပြင်များသာ ဖြစ်ကြသည်’’ ဟု ၎င်းက ပြောဆိုလေ့ရှိ၏။

၁၄။ အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့သည် ဆည်းပူးလျက် ရှိခဲ့ကြသည့် (ပြစ်မှု)များသည်  
၎င်းတို့၏ စိတ်နှလုံးများပေါ်၌ ဖုံးလွှမ်းခဲ့ပြီးဖြစ်၏။

၁၅။ အလျှင်းမဟုတ်၊ ဧကန်မလွဲ ၎င်းတို့သည် ထိုနေ့တွင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(အား ဖူးမျှော်ခြင်း) မှ ကာကွယ်ခြင်းကို ခံကြရမည့် သူများပင် ဖြစ်ကြပေသည်။

၁၆။ ထို့နောက် ဧကန်မလွဲ ၎င်းတို့သည် ဂျဟန္နမ်ငရဲထဲသို့ ဝင်ရောက်ကြရပေမည်။[1]

၁၇။ ထို့နောက် (၎င်းတို့အား) ‘‘ဤသည် အသင်တို့က မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိခဲ့သော အရာပင် ဖြစ်သည်’’ ဟု ပြောဆိုခြင်း ခံရအံ့သတည်း။

၁၈။ အလျှင်းမဟုတ်၊ ဧကန်အမှန် သူတော်ကောင်း တို့၏ မှတ်တမ်းမှာ ‘‘အိလ်လီယီးန်’’ ၌ ရှိ၏။

၁၉။ သို့ရာတွင်၊အိလ်လီယီးန်’’သည် အဘယ်အရာ ဖြစ်သည်ကို အသင်သည် အသို့လျှင် 
သိနိုင်အံ့နည်း။

[1]   အစားပေးတော်မူမည့်နေ့ကို ငြင်းပယ်သောသူများသည် ပျက်စီးကြရမည်သာ။
အစားပေးတော်မူမည့်နေ့ကို ငြင်းပယ်သူများသည် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမွေးမြူမှု တန်
ခိုးတော်၊ ထိုအရှင်မြတ်၏ တရားမျှတမှု စသည့်အားလုံးတို့ကို ငြင်းပယ်သူများသာ ဖြစ်ကြပေသည်။ ထိုသို့သော သူများသည် မည်သည့်ပြစ်မှုကို ကျူးလွန်ရန် နောက်ဆံမငင်ကြပေ။ ထိုသို့သောသူများ
သည် အလ္လာဟ်အရှင်မြတ်၏ တရားတော်များကို ကြားလျှင် ဤသည်တို့သည် ရှေ့သူဟောင်းတို့၏ ပုံပြင်ဒဏ္ဍာရီများသာ ဖြစ်သည်။ ငါတို့သည် ဤသို့သော ပုံပြင်ဒဏ္ဍာရီများကို ဂရုမမူကြ ဟူ၍ပင် မိုက်မဲစွာ ပြောဆိုကြလေသည်။
 
အလ္လာဟ်အရှင်မြတ်၏ တရားတော်များသည် အစမှ အဆုံးတိုင် မှန်ကန်သည်သာ ဖြစ်သည်။ ဤတွင် ဒွိဟသံသယ အလျှင်းမရှိ။ အမှန်မှာ ပြစ်မှုဒုစရိုက်များကို အမြဲတစေ ကျူးလွန်နေကြသည့် အတွက် ယင်းကာဖိရ် တို့၏ စိတ်နှလုံးများ အပေါ်တွင် သံချေးများ တက်လျက်ရှိချေပြီ။ ထို့အတွက် ၎င်းတို့သည် အမှန်တရားကို မကြားလိုကြ၊ မမြင်လိုကြ၊ မတွေးလိုကြ၊ မနာလိုကြ။ အမှန်တရားကို မကြားလို၊ မမြင်
လို၊ မတွေးလို၊ မနာလိုကြသည် သာမက အမှန်တရားကိုပင် ပြက်ရယ်ပြုလာကြပေသည်။ ဆန့်ကျင်လာကြပေသည်။

တမန်တော်မြတ်၏ သြဝါဒတော်များတွင် လာရှိသည်မှာ လူတစ်ယောက်သည် ပြစ်မှုတစ်စုံတစ်ရာကို ကျူးလွန်လိုက်သည့် အခါ ထိုသူ၏ စိတ်နှလုံးပေါ်တွင် အမည်းစက်တစ်ခု ထင်လာသည်။ အကယ်၍ ထိုသူသည် မိမိ၏ အမှားကို ဝန်ချတောင်းပန်ပါက ထိုအမည်းစက်သည် ပပျောက်သွားလေသည်။
သို့မဟုတ်ပါဘဲ အကယ်၍ ထိုသူသည် ဆက်လက်၍ ပြစ်မှုများ ကျူးလွန်နေပါက ထိုအမည်းစက် သည် ကြီးထွားပြန့်ပွားလာပြီး နောက်ဆုံးတွင် ထိုသူ၏ စိတ်နှလုံး တစ်ခုလုံးသည် လုံးဝမည်း၍ သွားလေ
တော့သည်။ (ထိုအခါ ထိုသူသည် အမှားနှင့် အမှန်ကို ခွဲခြား မသိမြင်နိုင်တော့ပေ)။ ဤကား ကုရ်
အာန် ကျမ်းများတွင် စိတ်နှလုံးများ၏ အပေါ်၌ သံချေးတက်ခြင်း သဘောပင်။ ထို့အတူ အထက်ဖော်
ပြပါ အစား ပေးတော်မူမည့်နေ့ကို ငြင်းပယ်နေသော ကာဖိရ်များသည်လည်း ပြစ်မှုများကို အမြဲတစေ ကျူးလွန်နေကြသည့် အတွက် ၎င်းတို့၏ စိတ်နှလုံးများသည် မည်းလျက် ခက်ထန်လျက် ရှိချေပြီ။  

ထို့အတွက် ၎င်းတို့သည် ကျမ်းဂန်တရားတော်များကို မနာခံကြသည်သာမက ပြက်ရယ်သမှုပြုလျက် ရှိကြချေပြီ။ ထိုသို့သော ကာဖိရ်များ သိထားအပ်ကြသည်မှာ အစားပေးတော်မူမည့်နေ့သည် အချိန်
ကျက မုချ ဆိုက်ရောက်လာမည်သာ ဖြစ်သည်။ ထိုအခါ စိတ်နှလုံးမည်းနေသော ကာဖိရ်များသည် အလ္လာဟ် အရှင်မြတ်အား ဖူးတွေ့နိုင်ကြမည် မဟုတ်ပေ။ စိတ်နှလုံး သံချေးတက်နေသော ကာဖိရ်
သည် ဂျဟန္နမ်ငရဲသို့ လားကြရပေမည်။ ဤကား စိတ်နှလုံးမည်းခြင်း၊ သံချေးတက်ခြင်း၏ အကျိုးပင်။ မုအ်မင်န် သူတော်စင်တို့မူကား အလ္လာဟ်အရှင်မြတ်အား ဖူးတွေ့ရပေမည်။ ဂျန္နသ်သုခဘုံတွင် ချမ်း
သာသုခ အဝဝနှင့် ပြည့်ဝစွာရှိကြပေမည်။ ရှေ့တွင် မုအ်မင်န်သူတော်စင်များ စံစားကြရမည့် သုခချမ်း
သာအဖြာဖြာကို မိန့်ဆိုထားတော်မူသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★

Popular Posts