اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ

Monday, February 4, 2013

အလေး တင်းတောင်း စဉ်းလဲခြင်းကဏ္ဍ အာယသ်တော် ၂၀ မှ ၂၈ အထိ





၂၀။ (ယင်း ‘‘အိလ်လီယီးန်’’ ကား) ရေးသားပြီး ဖြစ်သော မှတ်တမ်းစာအုပ်ပင်။[1]


၂၁။ ယင်းမှတ်တမ်းစာအုပ်ကို အပါးတော်၌ ရှိကုန်သော ကောင်းကင်တမန်တို့သည် ကြည့်
ရှုကြပေမည်။


၂၂။ ဧကန်မလွဲ သူတော်ကောင်းတို့မှာ ထာဝရ သုခ၌ ရှိကြပေမည်။


၂၃။ ၎င်းတို့သည် သလွန်များထက်ဝယ် စံမြန်းကာ ရှုစားကြလျက် ရှိကြပေမည်။


၂၄။ အသင်သည် ၎င်းတို့၏ မျက်နှာများတွင် ငြိမ်းချမ်းမှု၏ စိုပြည်ခြင်းကို (မြင်သောအခါ)  
ခွဲခြား၍ သိနိုင်ပေမည်။


၂၅။ ၎င်းတို့သည် တံဆိပ်ခတ်ထားသော (ကြည်လင် သန့်ရှင်းသော) အရက် အစစ်  
တိုက်ကျွေးခြင်းကို ခံကြရပေမည်။


၂၆။ ထိုအရက်၏ တံဆိပ်မှာ ကတိုးဖြစ်၏။ စင်စစ် သော်ကား ပြိင်ဆိုင်သူတို့သည် (လိုလားသူတို့) ဤသည်ကိုပင် အပြိင်အဆိုင် ရယူထိုက်ကြပေသည်။ (လိုလားအပ်ကြပေသည်)


၂၇။ ယင်းအရက်၏ ရောစပ်ရာမှာ ‘‘သတ်စ်နီးမ်’’ မှ ဖြစ်၏။


၂၈။ (ယင်းသတ်စ်နီးမ်’’ မှာ) စမ်းတစ်ခုပင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်သော သူမွန် သူမြတ်တို့ကား ယင်းသတ်စ်နီးမ်’’ မှပင် သောက်သုံး ကြကုန်သတည်း။[2]





[1]     ‘‘အိလ်လီယီန်’’
အိလ်လီယီန်သည် မုအ်မင်န် သူတော်စင်များ၏ အမည်များကို ရေးမှတ်ထားသော မှတ်တမ်း စာအုပ်ဖြစ်သည်။ အချို့ကျမ်းချက်များကို ကြည့်ခြင်းအားဖြင့် ‘‘အိလ်လီယီန်’’ သည် အဆိုပါ မှတ်တမ်း
ထားရာ ဌာနဖြစ်ကြောင်း၊ မုအ်မင်န် သူတော်စင်များ၏ ဝိညာဉ်များကိုလည်း ထိုဌာနမှာပင် ထားရှိ
ကြောင်း သိရှိရပေသည်။ အိဗ်နုကဆီရ်။


[2]    ဂျန္နသ်သုခဘုံရှိ ချမ်းသာသုခများကို လူသားတို့သည် ဤပစ္စက္ခရှိ မျက်စိ၊ နား၊ စိတ်နှလုံးတို့ဖြင့် မမြင်နိုင်၊ မကြားနိုင် မတွေးနိုင်ကြချေ။ လူသားတို့ အနည်းငယ် မှန်းဆနိုင်ရန်အတွက် ဂျန္နသ်တွင် စံစားရမည့် အချို့ပစ္စည်းများကိုသာ ဖော်ပြထား၏။ ထိုပစ္စည်းများသည် ဤကမ္ဘာရှိ ပစ္စည်းများနှင့် အမည်တူသော်လည်း အရည်မတူ၊ အဆင်းတူသော်လည်း အချင်းကားမတူ။

ဤအာယသ်တော်တွင် ဂျန္နသ်၌ ဂျန္နသ်သားတို့သည် (ရဟီးက်) ရသာရည်ကို သောက်သုံးကြရမည့် အကြောင်း ဖော်ပြထားတော်မူသည်။ ‘‘ရဟီးက်’’ သည် အလွန်ကြည်လင် သန့်ရှင်းသော အနံ့အရ
သာနှင့် ပြည့်ဝသော၊ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော အံ့မဆုံးသည့် ရသာရည်တစ်မျိုးပင်။ ထိုသည့် ရဟီးက်ဟူသော ပုဒ်ကို မုဖတ်စ်စီရ်များက ခမ်ရ်၊ (Wine)အရက်’’ ဟူ၍ အနက်ဖွင့်ကြသည်။ ထိုသို့ အနက်ဖွင့်ထားသည်ကို ကြည့်ပြီး အချို့ကဂျန္နသ်’’ နှင့် အရက် လားလားမျှ မအပ်’’ ဟု ဆိုကောင်း
ဆိုကြပေမည်။

သို့ရာတွင် အထက်၌ ဖွင့်ဆိုရေးသားထားသကဲ့သို့ ဂျန္နသ်ရှိ အရာများကို ကျွန်ုပ်တို့သည် ဤပစ္စက္ခ အာရုံများဖြင့် မမြင်နိုင်၊ မကြားနိုင်၊ မတွေးနိုင်ကြပေ။ ထို့ပြင်တစ်ဝ ဂျန္နသ်ရှိ အရက်သည်လည်း
ကမ္ဘာရှိ အရက်နှင့် လားလားမျှတူမည်မဟုတ်။ အမည်တူသော်လည်း အရည်အချင်းကား အလျှင်း
တူမည် မဟုတ်ပေတကား

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★

Popular Posts