اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ

Friday, November 28, 2014

အစ္စလာမ့်ယဉ်ကျေးမူများ - ( ၁၄ )


အစ္စလာမ့်ယဉ်ကျေးမူများ - ( ၁၃ )


အစ္စလာမ့်ယဉ်ကျေးမူများ - ( ၁၂ )


အစ္စလာမ့်ယဉ်ကျေးမူများ - ( ၁၁ )


အစ္စလာမ့်ယဉ်ကျေးမူများ - ( ၁၀ )


ကျင့်စဉ်များ














အစ္စလာမ့်ယဉ်ကျေးမူများ - ( ၉ )


အစ္စလာမ့်ယဉ်ကျေးမူများ - ( ၈ )


အစ္စလာမ့်ယဉ်ကျေးမူများ - ( ၇ )


အစ္စလာမ့်ယဉ်ကျေးမူများ - ( ၆ )


အစ္စလာမ့်ယဉ်ကျေးမူများ - ( ၅ )


အစ္စလာမ့်ယဉ်ကျေးမူများ - ( ၄ )


အစ္စလာမ့်ယဉ်ကျေးမူများ - ( ၃ )


အစ္စလာမ့်ယဉ်ကျေးမူများ - ( ၂ )


အစ္စလာမ့်ယဉ်ကျေးမူများ - ( ၁ )


စူရာဟ်ဘကရာ၏ အဓိပ္ပါယ် - အပိုင်း (၆)



بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

ဂါဝီကဏ္ဍ။ (စူရဟ်ဘကရာ။ )البقرة


وَإِذْ وَٰعَدْنَا مُوسَىٰٓ أَرْبَعِينَ لَيْلَةً ثُمَّ ٱتَّخَذْتُمُ ٱلْعِجْلَ مِنۢ بَعْدِهِۦ وَأَنتُمْ ظَٰلِمُونَ

(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့သတိရကြကုန်) တနေ့သောအခါ ငါအရှင်သည် နဗီတမန်တော်မူစာအားရက်ပေါင်းလေးဆယ် (ကုန်လွန်ပြီးနောက် တောင်ရာတ် ကျမ်းဂန်ကို ထုတ်ပြန်ပို့ချပေးသနားတော်မူမည်ဟု ) ပဋိညာဉ် ထားတော်မူသည်။(ထိုပဋိညာဉ်တော်အရ နဗီတမန်တော်မူစာသည် ထိုကျမ်းဂန်ကို ဦးထိပ် ရွက်ပန်ဆင်ရန် သိနတောင်၌ ရက်ပေါင်းလေးဆယ် သီတင်းသုံးနေခိုက်) သူ၏ နောက်ကွယ်ရာ၌ အသင်တို့သည် နွားငယ်ကို (ဘုရားအဖြစ်) ပြုလုပ် ကိုးကွယ်ကြကုန်သည်၊အမှန်စင်စစ် အသင်တို့သည် ကျူးလွန်သူများဖြစ်ကြကုန်သည်။

စူရာဟ်ဘကရာ၏ အဓိပ္ပါယ် - အပိုင်း (၅)



بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

ဂါဝီကဏ္ဍ။ (စူရဟ်ဘကရာ။ )البقرة


وَءَامِنُوا۟ بِمَآ أَنزَلْتُ مُصَدِّقًا لِّمَا مَعَكُمْ وَلَا تَكُونُوٓا۟ أَوَّلَ كَافِرٍۭ بِهِۦ ۖ وَلَا تَشْتَرُوا۟ بِـَٔايَٰتِى ثَمَنًا قَلِيلًا وَإِيَّٰىَ فَٱتَّقُونِ

(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့)အသင်တို့သည် ငါအရှင်ထုတ်ပြန်ပို့ချတော်မူ သာ(ကုရ်အာန်) ကျမ်းကို နာယူယုံကြည်ကြကုန်လော့၊ အကြောင်းမူကား ယင်း(ကုရ်အာန်ကျမ်းတော်မြတ်သည်) သင်တို့လက်ဝယ်၌ရှိသော ကျမ်းကိုပင် မှန်ကန်ကြောင်း ထောက်ခံအတည်ပြုလျက်ရှိသောကျမ်းဂန်ဖြစ်သည်။ သို့ဖြစ်လေရာအသင်တို့သည် ထို (ကုရ် အာန်) ကျမ်းတော်မြတ်ကို ဦးစွာပဌမငြင်းဆိုသူများ မဖြစ် ကြကုန်လင့်။ ထို့ပြင်တ၀ အသင်တို့သည်အနည်းငယ် မျှသော အဖိုးငွေနှင့် ငါအရှင်မြတ်၏ တရားဒေသနာ များကို လဲလှယ်ရောင်းချခြင်း မပြုကြကုန်လင့်၊အသင်တို့သည် ငါအရှင်မြတ် ကိုသာလျှင်ကြောက်ရွံ့ ကြကုန်လော့။

وَلَا تَلْبِسُوا۟ ٱلْحَقَّ بِٱلْبَٰطِلِ وَتَكْتُمُوا۟ ٱلْحَقَّ وَأَنتُمْ تَعْلَمُونَ

(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် (သဒ္ဓမ္မ) တရားမှန်ကို (ကွဖ်ရ်) မိစ္ဆာဒိဋ္ဌိအယူမှားနှင့်မရောနှောကြကုန်လင့်။ အသင်တို့သည် တရားမှန် တရားစစ်ကို မိမိတို့ကိုယ်တိုင် သိရှိကြပါလျက် ဖုံးကွယ်ထိန်ချန်၍ မထားကြကုန်လင့်။

Saturday, November 22, 2014

အစ္စလာမ်အလင်ရောင်




ဒါဟာ တင်စားပြီး သုံးနူန်းထားခြင်မဟုတ်ပါ။ ကျွန်တော်တို့ လူသားတွေဟာ တကယ်ပဲ အိမ်ထောင်စုတစ်
ုတည်းဖြစ်ပါသည်။ ဘာဖြစ်လို့လဲဆိုရင် လူသားအားလုံးရဲ့ ဖခင်ကြီးဟာ တစ်ဦးတည်းပဲဖြစ်
တဲ့နောက်တော့ ဖခင် တစ်ဦးတည်းကနေ ပေါက်ဖွားလာတဲ့ သူ အားလုံးဟာ ညီအစ်ကိုမောင်နှမတွေပဲဖြစ်နေကြပါသည်။ မိမိက ကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းမှာနေတယ်။ မိမိရဲ့ ညီတေည်မောင်ဖြစ်သူက ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းမှာ နေတယ်။

အစ္စလာမ်နဲ့ပက်သက်ပြီး သိသင့်သိအပ်သော


မိုဘိုင်းဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်း၊ သိမ်းဆည်းထားခြင်း၊ ကြည့်ရှုပြသခြင်းသည့် ရှရီအသ်အရမပြုပိုင်ချေ။ ဓာတ်ပုံရိုက်ခြင်းသည်ဂိုနာဟ်ဖြစ်ပြီး ကြည့်ရှုခြင်းသည်လည်းဂိုနာဟ်ဖြစ်သည်။
မကြည့်ပိုင်သောအမျိုးသမီးများ၏ဓာတ်ပုံရိုတ်ဖြင်း၊ကြည့်ခြင်းသည် ပို၍ပင် ကြီးလေးသော ဂုနာဟ်ဖြစ်သည်။
ရုပ်ပုံရိုက်ခြင်း ရေးဆွဲခြင်း ရိုက်ကူးခြင်းတို့သည်ဟရာဟ်ဖြစ်ကြောင်းဟဒီးစ်တော်များဖြင့်သိရှိရပါသည်။ ကိယာမသ်နေ့တွင် ကြောက်မက်ဖွယ် အကောင်းဆုံး အဇားဗ်ပြစ်ဒဏ်သည် သက်ရှိရုပ်ပုံရေးဆွဲ ရိုက်ကူးသူများအဖို့ဖြစ်သည်။

စူရာဟ်ဘကရာ၏ အဓိပ္ပါယ် - အပိုင်း (၄)




       وَعَلَّمَ ءَادَمَ ٱلْأَسْمَآءَ كُلَّهَا ثُمَّ عَرَضَهُمْ عَلَى ٱلْمَلَٰٓئِكَةِ فَقَالَ أَنۢبِـُٔونِى بِأَسْمَآءِ هَٰٓؤُلَآءِ إِن كُنتُمْ صَٰدِقِينَ

အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဦးဖခင် အာဒမ်(အ) အား အရာဝတ္ထုများ၏ အမည်နာမ အားလုံးတို့ကိုသင်ကြားပေးသနားတော်မူ၏။ သို့ သင်ကြားပြီးသည့်နောက်အလ္လာဟ်အသျှင်မြတ်သည် ထိုအမည်ပါဝတ္ထုအစုစုကို အပါးတော်စေတမန်များ၏ ရှေ့ဝယ်၌ပြတော်မူ၍ ဤသို့မိန့်တော်မူ၏၊(အပါးတော် စေတမန် အပေါင်းတို့)အကယ်၍အသင်တို့သည် မှန်ကန်သောစကားကို ပြောဆိုသောသူများဖြစ်ကြ ပါလျှင် ဤအရာဝတ္ထုများ၏ အမည်နာမများကို ငါ့အား(သေချာဂနစွာ) တင်လျှောက်ကြကုန်။

စူရာဟ်ဘကရာ၏ အဓိပ္ပါယ် - အပိုင်း (၃)



يَٰٓأَيُّهَا ٱلنَّاسُ ٱعْبُدُوا۟ رَبَّكُمُ ٱلَّذِى خَلَقَكُمْ وَٱلَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ

 အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အားမွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခ၀ပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊အသင် တို့အလျင် အထက်ထက်အဆက်ဆက် ကရှိခဲ့ ဘူးသောရှေးပဝေဏီ လူဟောင်းများကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခ၀ပ်ကိုးကွယ်ကြမှသာလျှင်အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။

စူရာဟ်ဘကရာ၏ အဓိပ္ပါယ် - အပိုင်း (၂)

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ


وَإِذَا قِيلَ لَهُمْ لَا تُفْسِدُوا۟ فِى ٱلْأَرْضِ قَالُوٓا۟ إِنَّمَا نَحْنُ مُصْلِحُونَ﴿١‎١‎﴾


ထို(မွတ်စ်လင်(မ်)အသွင်ဆောင်သော)သူများအား အချင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပြင်ပေါ်ဝယ် ပျက်စီးရာ ပျက်စီးကြောင်း၊အမှုကိစ္စ များကို မပြုလုပ်ကြလင့်ဟု သြ၀ါဒစကား ပြောကြား သောအခါ ထိုသူများက ကျွန်ုပ်တို့ သည်(အေးချမ်း သာယာအောင်) ပြုလုပ်သူများသာ ဖြစ်ကြ ပါသည်ဟု တုံ့ပြန်ဖြေဆိုကြလေသည်။
 

أَلَآ إِنَّهُمْ هُمُ ٱلْمُفْسِدُونَ وَلَٰكِن لَّا يَشْعُرُونَ﴿١‎٢﴾


(အိုကြားနာသူအပေါင်းတို့) သတိပြုကြကုန်လော့။ထို(မွတ်စ်လင်(မ်)အသွင်ဆောင်သော)သူများသာလျှင်၊ (ကမ္ဘုာမြေပြင်၌ )ပျက်စီးရာပျက်စီးကြောင်းပြုလုပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် ထိုသူများသည်(မိမိတို့ပြုကျင့်လျက်ရှိသောမကောင်းမှုများကိုပင် မကောင်းမှုဟူ၍)မသိနားမလည်ကြချေ။
  

စူရာဟ်ဘကရာ၏ အဓိပ္ပါယ် - ( الٓمٓ ) - အပိုင်း (၁)

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
الٓمٓ
အလိဖ်လာမ်မီမ်
ذَٰلِكَ ٱلْكِتَٰبُ لَا رَيْبَ ۛ فِيهِ ۛ هُدًى لِّلْمُتَّقِينَ﴿٢﴾
ဤကျမ်းသည် (ထုတ်ပြန် ပို့ချပြီးသော ကျမ်းဂန်အသီးသီးတို့၌ ဗျာဒိတ်ပေးထားပြီးဖြစ်သောကုရ်အာန်)ဓမ္မက္ခန်တည်း။ ယင်းကျမ်းမြတ် နှင့်စပ်လျဉ်း၍ ယုံမှားသံသယ၀ိစိကိစ္ဆာဖြစ်ဘွယ်ရာ အကြောင်း အလျှင်းမရှိပြီ။ ယင်းကျမ်းမြတ်သည် သူတော်စင်များအဘို့ ရားလမ်းမှန်ကို ညွှန်ကြားပြသသော တရားဓမ္မဖြစ်သတည်း။

(الفاتحة ) - စူရာဟ်ဖါတီယာ၏ အဓိပ္ပါယ်

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင် ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏နာမံတော်ဖြင့်(အစပြုပါ၏)။

ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَٰلَمِينَ

ချီးမွမ်းထောမနာခြင်း ဟူဟူသမျှသည် စကြာဝဠာ အပေါင်းတို့ကို (မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့်) ပြုစု ပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာတည်း။  

Friday, November 21, 2014

အလ္လာဟ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူတိုင်း မိမိအိမ်နီးချင်းကို ဒုက္ခမပေးရ


အလ္လာဟ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူတိုင်း မိမိအိမ်နီးချင်းကို ဒုက္ခမပေးရ
Whosoever believes in Allah and the Last Day, should not harm his neighbour

(သာဝကကြီး)အဘူဟုရိုင်ရဟ်မှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ကိုယ်တော့်အပေါ်သို့ ငြိမ်းချမ်းမှုကျရောက်ပါစေ)က မိန့်တော်မူခဲ့သည်။ “အလ္လာဟ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူ မည်သူမဆို မိမိ၏ အိမ်နီးချင်းကို ဒုက္ခမပေးသင့်၊ ပြီးတော့ အလ္လာဟ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူ မည်သူမဆို မိမိ၏ ဧည့်သည်ကို ဖော်ရွေစွာ ဧည့်ခံရမည်၊ နောက်ပြီးတော့ အလ္လာဟ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူ မည်သူမဆို ကောင်းသောစကားကို ဆိုသင့်သည်၊ သို့မဟုတ်က နှုတ်ဆိတ်နေသင့်သည်။ ( ညစ်ညမ်းသောစကားများနှင့် မကောင်းမှုများအားလုံးမှ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းကို ဆိုလိုသည်။)

ဗုခါရီ သြဝါတော်ကျမ်း၊ စာအုပ်အမှတ် ၈၊ အတွဲ ၇၃၊ သြဝါဒတော် အမှတ် ၄၇

အိမ်နီးချင်းကို သနားကြင်နာရန် သွန်သင်ချက်

အိမ်နီးချင်းကို သနားကြင်နာရန် သွန်သင်ချက်
ွှTo recommend to be kind to the neighbour


(သာဝကတော်)အဘူရှုရိုင်းဟ်မှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ကိုယ်တော့်အပေါ်သို့ ငြိမ်းချမ်းမှုကျရောက်ပါစေ)က မိန့်တော်မူခဲ့သည်။“အလ္လာဟ်အားတိုင်တည်ပါသည်၊ အကြင်သူသည် ယုံကြည်သက်ဝင်သူ မဟုတ်။ အလ္လာဟ်အားတိုင်တည်ပါသည်၊ အကြင်သူသည် ယုံကြည်သက်ဝင်သူ မဟုတ်။ အလ္လာဟ်အားတိုင်တည်ပါသည်၊ အကြင်သူသည် ယုံကြည်သက်ဝင်သူ မဟုတ်။” “ထိုသူသည် မည်သူနည်း” ဟုမေးကြသောအခါ ကိုယ်တော်က ပြန်လည်ဖြေကြားသည်မှာ “ ထိုသူပင်၊ သူ၏ အိမ်နီးချင်းများသည် သူ၏ မကောင်းမှုများကို ခံစားကြရသည်။”

ဗုခါရီ သြဝါဒတော်ကျမ်း၊ စာအုပ်အမှတ် ၈၊ အတွဲ ၇၃၊ သြဝါဒတော် အမှတ် ၄၅

Narrated Abu Shuraih:
The Prophet said, "By Allah, he does not believe! By Allah, he does not believe! By Allah, he does not believe!" It was said, "Who is that, O Allah's Apostle?" He said, "That person whose neighbor does not feel safe from his evil."

Bukhari : Book 8: Volume 73: Hadith 45

ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ်) B.A.(Honours), M.A., H.G.P., Ph.D.



ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့၌ အဖမြို့ပိုင် ဦးမောင်မောင်ကြီး၊ အမိဒေါ်ရွှေတို့က ၁၉၂၂-ခု၊ မတ် လ (၈)ရက်၊ကြာသပတေးနေ့တွင်မွေးဖွားသည်။ အမြွှာညီအစ်ကိုနှစ်ဦးအနက် ပထမဖွားမြင်သော သားဖြစ်သည်။

သနားကြင်နာခြင်း အပိုင်း (၂) Kindness part (2)

သနားကြင်နာခြင်း အပိုင်း (၂) Kindness part (2)

တမန်တော်မြတ်၏ ဇနီးတော် အာအိရှဟ်သခင်မ(ရ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ့် တမန်တော်(ဆွ) မိန့်တော်မူခဲ့သည်။ “အို-အာအိရှဟ်၊ အလ္လာဟ်သည် သနားကြင်နာတော်မူဆုံးဖြစ်ပြီး သနားကြင်နာမှုကို နှစ်သက်တော်မူသည်။ အခြားကောင်းမှုများအတွက် မပေးသောဆုကိုပင် သနားကြင်နာမှုအတွက် ချီးမြှင့်တော်မူသည်။”

မွတ်စလင်နှင့် ဗုခါရီ သြဝါတော်ကျမ်းများ

Aishah(R), the wife of the Prophet(S), narrated that the Messenger of Allah(S) said: “O Aishah! Allah is All-Kind and loves kindness. He rewards for kindness what he does not give for other good deeds.”

Muslim & Bukhari

သနားကြင်နာခြင်း အပိုင်း (၁) Kindness part (1)

သနားကြင်နာခြင်း အပိုင်း (၁) Kindness part (1)

သာဝကကြီး ဂျရိရ်(ရ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ့် တမန်တော်(ဆွ) မိန့်တော်မူခဲ့သည်။ “သနားကြင်နာမှုမရှိသူသည် အမှန်စင်စစ် ကောင်းမှုမှန်သမျှကင်းမဲ့သူ ဖြစ်သည်။”

မွတ်စလင်သြဝါဒတော်ကျမ်း

Jarir(R) narrated that the Messenger of Allah (S) said: “He who is deprived of kindness is in fact deprived of every good.”

Muslim

ရမဒွန်နှင့် ဆွီယာမ် ကဏ္ဍ - (Ramad့aan and S့iyam par) - အပိုင်း (၈)

အာအိရှာသခင်မ(ရ)က ဆင့်ပြန်ခဲ့ပါသည်။ ရမဒွန်လ၏ နောက်ဆုံးဆယ်ရက် စသည်နှင့် တမန်တော်မြတ်(ဆွ)သည် (မိမိ)ခါး ခါးပတ်ကြိုးကို တင်းလိုက်လေ့ရှိပြီး (ကြိုးစားပမ်းစား အားထုတ်ခြင်းကို ဆိုလိုပါသည်) တစ်ညလုံး ဆွလာသ် တည်ဆောက်လေ့ရှိပါသည်၊ မိမိ၏ မိသားစုဝင် (အိမ်တော်သူ အိမ်တော်သား)အားလုံးကိုလည်း ဆွလာသ် အတွက် နိုးနေစေလေ့ရှိပါသည်။
ဗုခါရီကျမ်း အတွဲ ၃ အမှတ် ၂၄၁

Narrated Aisha:
With the start of the last ten days of Ramadan, the Prophet used to tighten his waist belt (i.e. work hard) and used to pray all the night, and used to keep his family awake for the prayers.
Bukhari :: Book 3 :: Volume 32 :: Hadith 241

ရမဒွန်နှင့် ဆွီယာမ် ကဏ္ဍ - (Ramad့aan and S့iyam par) - အပိုင်း (၇)

အဘူဟုရိုင်ရာသခင်(ရ)က ဆင့်ပြန်ခဲ့ပါသည်။ တမန်တော်မြတ်(ဆွ)က မိန့်တော်မူခဲ့ပေသည်။ ရမဒွန်လမြတ်စသည်နှင့် ဂျန္နာသ်(အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်တော်မူခြင်း၏ ဆုလာဘ် ပြီးပြည့်စုံသော ငြိမ်းချမ်းမှု)၏ တံခါးများ ဖွင့်ခြင်းခံရပြီး ဂျဟန္နမ်(အရှင့်၏ တရားမျှတတော်မူသော ဂုဏ်တော်ကြောင့် မိမိတို့မကောင်းမှုများ ပြန်လည်ပေးဆပ်ရမှု)၏ တံခါးများ ပိတ်ခြင်းခံရကာ ရှိုက်တွာန်(အဖျက်အင်အားစု)များ ချုပ်နှောင်တားဆီးခြင်းခံရသည်။
ဗုခါရီကျမ်း၊ စာအုပ်အမှတ် ၃၊ ဟဒီးသ်အမှတ် ၁၂၃ 

  Narrated Abu Huraira: Allah's Apostle said, "When the month of Ramadan starts, the gates of the heaven are opened and the gates of Hell are closed and the devils are chained."
Bukhari :: Book 3 :: Volume 31 :: Hadith 123

ရမဒွန်နှင့် ဆွီယာမ် ကဏ္ဍ - (Ramad့aan and S့iyam par) - အပိုင်း (၆)

အဘူဟုရိုင်ရာသခင်(ရ)က ဆင့်ပြန်ခဲ့ပါသည်။ တမန်တော်မြတ်(ဆွ)က မိန့်တော်မူခဲ့ပေသည်။ “မည်သူမဆို လိမ်ပြောခြင်း(မမှန်သော စကားဆိုခြင်း)၊ ထိုလိမ်လည်မှုများနှင့် မကောင်းမှုများကို ပြုမူခြင်းများကို မစွန့်လွှတ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏  မစား မသောက်ခြင်းကို အလိုတူတော်မူလိမ့်မည် မဟုတ် (အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ ဥပုသ်သီလဆောက်တည်ခြင်းကို လက်ခံတော်မူလိမ့်မည် မဟုတ်ပေ)။”
ဗုခါရီကျမ်း၊ စာအုပ်အမှတ် ၃၊ ဟဒီးသ်အမှတ် ၁၂၇

Narrated Abu Huraira: The Prophet said, "Whoever does not give up forged speech and evil actions, Allah is not in need of his leaving his food and drink (i.e. Allah will not accept his fasting.)"
Bukhari ::Book 3 :: Volume 31 :: Hadith 127

ရမဒွန်နှင့် ဆွီယာမ် ကဏ္ဍ - (Ramad့aan and S့iyam par) - အပိုင်း (၅)

(အသင်တို့ ဆွိယာမ်ဥပုသ်သီတင်း ဆောက်တည် ကြရမည့်နေ့ရက်များကား) ရေတွက်ထားသော (အနည်းငယ် မျှသော) နေ့ရက်များပင်တည်း။ သို့ရာတွင် အသင်တို့အနက်မှ တဦးတယောက်သော သူသည် ဝေဒနာစွဲကပ်၍ မကျန်းမာ သောကြောင့် ဖြစ်စေ၊ သို့တည်းမဟုတ် ခရီးထွက် လျက်ရှိနေ သောကြောင့်ဖြစ်စေ၊ (ဥပုသ်သီလ မဆောက်တည် နိုင်ဘဲ ပျက်ကွက်ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ အခြား သောနေ့ ရက်များကို တွက်စစ်၍ ဖြည့်စွက်(ဆောက်တည်)ရန် တာဝန်ရှိ ပေသည်။

ရမဒွန်နှင့် ဆွီယာမ် ကဏ္ဍ - (Ramad့aan and S့iyam par) - အပိုင်း (၄)

အဘူအုမားမဟ်သခင်(ရ)က ဆင့်ပြန်ခဲ့ပါသည်။ ကျွန်တော် တမန်တော်မြတ်(ဆွ)ထံသို့ သွားရောက်ပြီး မေးမြန်းခဲ့ပါသည်။ “(တမန်တော်မြတ်) ကျွန်တော့်အား ဂျန္နဟ်သို့ရောက်စေနိုင်သော တစုံတရာကို လမ်းညွှန်ပါ”။ ထိုအခါ တမန်တော်မြတ်(ဆွ)က ပြန်လည်မိန့်ကြားတော်မူခဲ့လေသည်။ “ ဆွီယာမ်စောင့်ထိန်းခြင်းနှင့် ညီသော (ကောင်းမှု)မရှိသောကြောင့် အသင် ဆွီယာမ်စောင့်ထိန်းပါ”။ ကျွန်တော် ဒုတိယအကြိမ် တမန်တော်မြတ်(ဆွ)ထံသို့ ရောက်သော အခါတွင်လည်း တမန်တော်မြတ်က “ အသင် ဆွီယာမ် စောင့်ထိန်းပါ” ဟုမိန့်တော်မူခဲ့ပြန်ပါသည်။
အဟ်မဒ် နှင့် နစာအီ

Aboo Umaamah(r) said: I came to Allaah’s Messenger (s) and asked, “Instruct me to do something which will put me in paradise,” and he replied,“You should fast for there is nothing equal to it.” When I came to him a second time, he said, “You should fast.”
Collected by Ahmad and an-Nasaa’ee

ရမဒွန်နှင့် ဆွီယာမ် ကဏ္ဍ - (Ramad့aan and S့iyam par) - အပိုင်း (၃)

မုချဧကန်မုစ်လင်မ်ယောက်ျားများသည်လည်း ကောင်း၊ မုစ်လင်မ် မိန်းမများသည်လည်း ကောင်း၊မုအ်မင်န် ယောက်ျားများသည်လည်းကောင်း၊ မုအ်မင်န်မိန်းမများသည်လည်းကောင်း၊ အမိန့်တော်ကို လိုက်နာကြသည့်ယောက်ျားများသည် လည်းကောင်း၊ အမိန့်တော်ကိုလိုက်နာသည့် မိန်းမများသည်လည်းကောင်း၊ သစ္စာဝါဒီယောက်ျားများသည်လည်း ကောင်း၊ သစ္စာဝါဒီ မိန်းမများသည်လည်းကောင်း၊သည်းခံကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ သည်းခံကြကုန်သောမိန်းမများသည်လည်းကောင်း၊ နိဝါတ တရားထားရှိကြသော ယောက်ျားများသည် လည်းကောင်း၊ နိဝါတတရားထားရှိကြသောမိန်းမများသည် လည်းကောင်း၊

ရမဒွန်နှင့် ဆွီယာမ် ကဏ္ဍ - (Ramad့aan and S့iyam par) - အပိုင်း (၂)

ရမဒွန်နှင့် ဆွီယာမ် ကဏ္ဍ အပိုင်း (၂) Ramad့aan and S့iyam part (2)

အဗူဟုရိုင်ရာသခင်(ရ)မှတဆင့် ဆင့်ပြန်ခဲ့ပါသည်။ တမန်တော်မြတ်(ဆွ)က မိန့်တော်မူခဲ့ပေသည်။ ဆွီယာမ်ဥပုသ်သီလဆောက်တည်ခြင်းသည် ( ဂျဟန္နမ်ငရဲမီးမှကာကွယ်ပေးသော) ဒိုင်း ဖြစ်သည်။ ထို့ကြောင့် ဆွီယာမ်တည်ဆောက်သူသည် မိမိ၏ဇနီးသည်(အိမ်ထောင်ဖက်)နှင့် အတူသံဝါသပြုခြင်းကို ရှောင်ကြဉ်ရမည်၊ မိုက်မဲရိုင်းပြသော အမူအကျင့်များကိုလည်း မပြုမူရ၊ အကယ်၍ တစုံတဦးက ရန်စစော်ကားလာလျှင်လည်း ဆွီယာမ်စောင့်ထိန်းနေကြောင်း နှစ်ကြိမ်ပြောရမည်။

ရမဒွန်နှင့် ဆွီယာမ် ကဏ္ဍ - (Ramad့aan and S့iyam par) - အပိုင်း (၁)

ရမဒွန်နှင့် ဆွီယာမ် ကဏ္ဍ အပိုင်း () Ramad့aan and S့iyam part (၁)

အို- မုအ်မင်န် ယုံကြည်ခြင်းသဒ္ဓါတရား ရှိကြကုန်သောသူ အပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက်အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ်သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဌာန်းတော်မူသကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့(ဥပုသ်သီတင်းဆောက်တည်)မှသာလျှင် အသင်တို့သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။
ကုရ်အာန်ကျမ်းတော်မြတ် ၂း၁၈၃

O ye who believe! Fasting is prescribed to you As it was prescribed to those before you, that ye may (learn) self-restraint,-
The Noble Qur’aan 2:183



တက္ကသိုလ်နန္ဒမိတ် (အစောဆုံး စစ်မှတ်တမ်းဘာသာပြန်စာအုပ်ရေးသူ)

အစောဆုံး စစ်မှတ်တမ်းဘာသာပြန်စာအုပ်
တက္ကသိုလ်နန္ဒမိတ်၏ မြန်မာပြည်စစ်မြေပြင် (၁၉၆၅)


မူရင်းစာအုပ်အမည်မှာDefeat into victory ဖြစ်သည်။ ဖီးလ်မာရှယ် ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်း၏ အတွေ့ အကြုံမှတ်တမ်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့ တိုက်ခိုက်သော မြန်မာပြည် စစ်မြေပြင်နှင့်
ပတ်သက်၍ အပြည့်စုံဆုံးစာအုပ်ပင်ဖြစ်သည်။ ဤစာအုပ်တွင် ဆလင်းသည် မြန်မာနိုင်ငံတော်လှန်ရေး အင်အားစုများအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း တို့ကိုလည်း ဖြည့်သွင်းရေးသားထားသည်။

အထက်လွှတ်တော်အမတ် ၀တ်လုံတော်ရမင်း - ဦးအောင်သင်း (M.A., B.L., K.S.M)




 အထက်လွှတ်တော်အမတ် ၀တ်လုံတော်ရမင်း
၁၉၃၀-ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့မှ ၁၉၃၁-ခု ဇန်န၀ါရီလ (၁၉)ရက်နေ့အထိ ဘိလပ်တွင် ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးသို့  တက်ရောက်ရန် မြန်မာပြည်မှ ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ခဲ့ပါသည်။

(၁) ဦးဘဖေ၊  (၂) ဦးမောင်မောင်အုန်းခိုင်၊  (၃) ဆာဂလန်ဘီနှင့်  (၄) ဦးအောင်သင်းတို့ တက်ရောက်ခဲ့ပါသည်။

စောင်း ဦးမောင်မောင်လတ်


၎င်းသည် မင်းတုန်းမင်းတရားကြီးထံတွင် သီချင်းကြီး၊ သီချင်းခံ အမျိုးမျိုးတို့ကို တီးဆိုရသော “ဒေဝဣန္ဒာ” ဘွဲ့ခံ ဆရာကြီး၏ တပည့်ဖြစ်သည်။
          ဖခင်မှာ မင်းတုန်း-သီပေါ-အင်္ဂလိပ် မင်းသုံးဆက် အမှုထမ်းခဲ့သော “မဟာဘောဂ ဓနရာဇာ”၊ “မင်းလှစည်သူ” နှင့် “ခါန်းဗဟာဒူး” ဘွဲ့များရရှိသော အခွန်ဝန်-အကောက်ဝန်-ကျောက်ရဲမြို့စား- မန္တလေးမြို့ စူရတီ ဗလီ့ဒကာ “မုလ္လာ အီစမာန်အင်” ဖြစ်၍ မိခင်မှာ ဘီဘီကြီးဖြစ်သည်။ မွေးချင်း (၇) ယောက်အနက် ဆဋ္ဌမမြောက်သား ဖြစ်သည်။

Thursday, November 20, 2014

စာရေးသူ၏ အမှာ


 اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ                                             စာမျက်နှာ - (၁)
…………………………………………………………………………………………………….....................

      လူ့ဘ၀ဟူသည် မေတ္တာတရားနှင့် ဖွဲ့စည်းတည်ဆောက်ထားသော အသိုက်အမြုံတစ်ခုဖြစ်သည်။  မေတ္တာတရားသည် သက်ရှိတိုင်းအတွက် အလိုအပ်ဆုံး သောအ ရာလည်းဖြစ်သည်။ “မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းလေး တစ်ခု” ဟူသော တေးသွားလေးကို ကြားလိုက်ရသည်နှင့်ပင် စိတ်နှလုံးက တေးစာသားထဲ စိမ့်ဝင် ခံလိုက်ရပါသည်။ မေတ္တာကို ပညာရှင်များက သရုပ်တန်ဖိုး ခွဲကြရာ ၅၂၈ နှင့် ၁၅၀၀ ဟူ၍ဖြစ်လာသည်။ ၅၂၈သည် အေးချမ်းသည်။ လူမမယ် ခလေးအရွယ်မှ အိုမင်းသည်အထိ ပြောင်းလဲမူမရှိပဲ ဖြူစင်မြဲ ဖြူစင်လျက်ရှိသည်။အရွှယ်ရောက်ပြီးသည့် ကျား၊ မတို့၏နှလုံးအိမ်၌ ၁၅၀၀ တည်းဟူသော အချစ်က မွေးဖွားလာသည်။ ထိုအခါ မိမိ၏ မသိစိတ်က ဆန့်ကျင်ဘက် ဖို၊ မ တစ်ဦးဦးကို စိတ်ဝင်စားလာတတ်သည်။

Tuesday, November 18, 2014

စာရေးသူ၏ ၀န်ခံလွှာ


 اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ                                          စာမျက်နှာ - (၁)
……………………………………………………………………………………………………..................



                 ကြီးကျယ်မြတ်ထွဋ်တော်မူသော အို၊ နာ၊ သေခြင်း ကင်းတော်မူသော အတုလံအတုမရှိ။ တစ်ပါးတည်းတည်ရှိတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ ငြိမ်းချမ်းသာယာမူ အဖြာဖြာသည် အလ္လာဟ်အရှင်မြတ်၏ အချစ်တော်  တမန်တော်မြတ်ပေါ်သို့ ကျရောက်ပါစေ။(အာမီးန်)

Monday, November 17, 2014

စာရေးသူ၏အမှာ


 اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ                                           စာမျက်နှာ - (၂)
……………………………………………………………………………………………………...................

စာရေးသူ၏အမှာ

                      စကြာဝဋ္ဌာကို ဖန်ဆင်းတော်မူသောအရှင်၊ စိုးပိုင်သောမူသော အရှင်အား ချီးမွမ်းထောပနာပြု၍ ကျေးဇူးတင်ပါ၏။ ထိုအရှင်သည် စကြာဝဋ္ဌာကို ဖန်ဆင်းရှင်ဖြစ်သည်။ စကြာဝဋ္ဌာအတွင်းရှိ အဖန်ဆင်းခံအားလုံး၊ မြေ
ပထ၀ီရှိ မြူမှုံ့များထက် ပို၍ များသော ၊အဖန်ဆင်းခံတို့၏ အသက်ရူမူထက်များပြားစွာ ဒရူးဒ်စလာမ် ကျရောက်ပါစေ။

Sunday, November 16, 2014

လျှို့ဝှက်ရတနာသိုက်



 اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ                                           စာမျက်နှာ - (၃)
……………………………………………………………………………………………………...................
လျှို့ဝှက်ရတနာသိုက်

                       ချီးမွမ်းခြင်းအပေါင်းတို့သည် တုဘက်နိုင်းယှဉ်ခြင်းမရှိသော တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်အတွက် ဖြစ်တော်မူ၏။ ထိုအရှင်သာလျင် ကောင်းချီးအပေါင်းတို့ကို ထိုက်တန်သော အရှင်မြတ် ဖြစ်တော်မူသည်။ မရေမတွက်နိုင်သော စွလ၀ါးသ်စလာမ် လက်ဆောင်ကို ကျွန်ုပ်တို့ အားလုံးတို့မှ နောက်ဆုံးတမန်တော်မြတ်၏ စင်ကြယ်သော ၀ိညာဉ်ပေါ်သို့ ကျရောက်ပါစေ။ ရစူလ်နဗီ အားလုံးအပေါ် စလာမ်ကျရောက်ပါစေ။ ဆွဟာဗဟ်များနှင့် ၀လီသူတော်စင်များ အပေါ်ကျရောက် ပါစေ။

Saturday, November 15, 2014

နိကာဟ် ၄- မျိုးရှိသည်။



 اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ                                           စာမျက်နှာ - (၄)
……………………………………………………………………………………………………...................
နိကာဟ် ၄- မျိုးရှိသည်။

၁။ ဖရဇ် ထိုက်သော နိကာဟ်
၂။ စွန္နသ်၏ အကျိုးဆ၀ါသ်ရသော နိကာဟ်
၃။မက္ကရူးဟ် ဂိုနာထိုက်သော နိကာဟ်
၎။ဟရာမ် ကြီးလေးသော အပြစ်ဂိုနာထိုက်သော နိကာဟ်

          ၁။    ။(နိကာဟ်ဖရဇ်)မှာ အမျိုးသားတစ်ယောက်ဖြစ်စေ၊ အမျိုးသမီးတစ်ယောက်ဖြစ်စေ ဇေနာတွင် နစ်မွန်း သွားလောက်အောင် အင်အားများခဲ့သော် ခန္တာကိုယ်အင်အားနှင့် အတူ ပစ္စည်းဥစ္စာ အင်အားလည်းရှိသော် ဤသို့သော အခြေအနေတွင် နိကာဟ် ဖရဇ်ဖြစ်သွားပေသည်။

Friday, November 14, 2014

လူသား၏ ရတနာ ဆိုသည်မှာ



 اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ                                            စာမျက်နှာ - (၅)
……………………………………………………………………………………………………...................

လူသား၏ ရတနာ ဆိုသည်မှာ

               မနီသုတ်ရည်သည် လူသားတို့၏ ရတနာဖြစ်သည်။ ဆီပမာဖြစ်၏။ မီးခွက်တွင် ဆီရှိနေသမျှ မီးခွက်လင်းနေမည်။ ဆီကုန်သွားပါက မီးခွက် အလင်းရောင် ကုန်ဆုံးသွားပြီး အမှော်တိသွားပေမည်။ ထိုရတနာ(မနီ သုတ်ရည်)ပေါ်မှာပင် အင်န်စာန် လူသား၏ ယောကျာ်းအား တည်မှီ နေသည်။

Related Posts Plugin for WordPress, Blogger...

★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★

Popular Posts