اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ

Tuesday, April 30, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်-(၆း၇)

၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် အသင်၏အပေါ်သို့ စာရွက်တွင် ရေးသားထားသော ကျမ်းတစ်စောင်စောင်ကို ထုတ်ပြန်တော်မူခဲ့သော်၊ ထို့နောက် ထိုသူတို့သည်ယင်းကျမ်းကို မိမိတို့၏ လက်များဖြင့် ထိတွေ့ စမ်းသပ်ခဲ့ ကြသည်ရှိသော်၊ သို့တစေလည်း ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့ကမူ ဤသည် အလွန်ထင်ရှား သောစုန်းပယောဂဖြစ်သည် ဟူ၍ပင် မုချ ပြောဆိုကြပေမည်။ (၆း၇)

If We had sent unto thee a written (message) on parchment, so that they could touch it with their hands, the Unbelievers would have been sure to say: "This is nothing but obvious magic!" (6:7)
============================
စူရာ ၆။(စူရတွလ် အံ(န်)အာမ်)သားကောင်များကဏ္ဍ
ယနေ့မျှဝေသည့် ကုရ်အာန် မုက္ခပတ်တော်မှာ စူရာ ၆ အာယတ်နံပါတ် ၇ ဖြစ်ပါသည်။

Monday, April 29, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

ထို့ပြင်တ၀ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့၏ဥယျာဉ်များ၊ အိမ်များအောက်မှစမ်းချောင်းများကိုလည်း စီးဆင်းစေတော်မူခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ယင်းသူတို့အား ယင်းသူတို့၏ပြစ်မှု ဒုစရိုက်များကြောင့် ပျက်စီးစေတော် မူခဲ့လေသည်။ ၎င်းပြင်ငါအသျှင်မြတ် သည် ထိုသူတို့၏ နောက်တွင် အခြားလူမျိုးတို့ကို ဖန်ဆင်းတော်မူခဲ့လေသတည်း။ (၆း၆)

See they not how many of those before them We did destroy?- generations We had established on the earth, in strength such as We have not given to you - for whom We poured out rain from the skies in abundance, and gave (fertile) streams flowing beneath their (feet): yet for their sins We destroyed them, and raised in their wake fresh generations (to succeed them). (6:6)

============================
စူရာ ၆။(စူရတွလ် အံ(န်)အာမ်)သားကောင်များကဏ္ဍ
ယနေ့မျှဝေသည့် ကုရ်အာန် မုက္ခပတ်တော်မှာ စူရာ ၆ အာယတ်နံပါတ် ၆ ဖြစ်ပါသည်။

Sunday, April 28, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့ထံ အမှန်ရောက်ရှိလာသောအခါ၊ ထိုအမှန်ကိုလည်း ငြင်းပယ် လိုက်ကြလေသည်။ သို့ဖြစ်၍ ၎င်းတို့ထံ မကြာမြင့်မီ ကာလအတွင်းအကြင်အရာ၏ သတင်းမှန်သည် ရောက်လာပေမည်။ ထိုအရာ နှင့်စပ်လျဉ်း၍ ၎င်းတို့ သည် ပြက်ချော် ပြောင်လှောင်လေ့ရှိခဲ့ကြ၏။ (၆း၅)

And now they reject the truth when it reaches them: but soon shall they learn the reality of what they used to mock at. (6:5)

============================
စူရာ ၆။(စူရတွလ် အံ(န်)အာမ်)သားကောင်များကဏ္ဍ
ယနေ့မျှဝေသည့် ကုရ်အာန် မုက္ခပတ်တော်မှာ စူရာ ၆ အာယတ်နံပါတ် ၅ ဖြစ်ပါသည်။

Saturday, April 27, 2013

ကျမ်းမြတ်ကုရ်အာန်

၎င်းပြင် ထိုသူတို့ထံ ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အထံတော်မှ မည်သည့် သက်သေသာဓကလက္ခဏာမျိုးမဆို ဆိုက်ရောက်လာခဲ့သည် ရှိသော်ထိုသူတို့သည် ထိုသက်သေ သာဓက လက္ခဏာတော်များမှ မျက်နှာလွှဲဖယ် ကျောခိုင်းသွားကြသည် ချည်းသာတည်း။ (၆း၎)

But never did a single one of the signs of their Lord reach them, but they turned away therefrom. (6:4)

============================
စူရာ ၆။(စူရတွလ် အံ(န်)အာမ်)သားကောင်များကဏ္ဍ
ယနေ့မျှဝေသည့် ကုရ်အာန် မုက္ခပတ်တော်မှာ စူရာ ၆ အာယတ်နံပါတ် ၄ ဖြစ်ပါသည်။

Friday, April 26, 2013

ကျမ်းမြတ်ကုရ်အာန်

အမှန်စင်စစ် မိုးများနှင့်မြေတွင်၊ ထိုအလ္လာဟ်အရှင်မြတ်သည်သာလျှင်၊ ကိုးကွယ်ခြင်းကို ခံထိုက် သောမူသော (တစ်ဆူတည်းသော) အရှင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် အသင်တို့၏လျှို့ဝှက် ထားသောအဖြစ်အပျက် အခြေအနေကိုလည်းကောင်း၊ အသင် တို့၏ပေါ်လွင်ထင်ရှားစေသော အဖြစ်အပျက် အခြေအနေကိုလည်းကောင်း၊ သိတော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ရှာဖွေ ဆည်းပူး ပြုလုပ်ကြသမျှသော အရာများကိုလည်း (အကြွင်းမဲ့) သိတော်မူသည်။ (၆း၃)

And He is Allah in the heavens and on earth. He knoweth what ye hide, and what ye reveal, and He knoweth the (recompense) which ye earn (by your deeds). (6:3)

Thursday, April 25, 2013

ကျမ်းမြတ်ကုရ်အာန်

စူရာ ၆။(စူရတွလ် အံ(န်)အာမ်)သားကောင်များကဏ္ဍ
ယနေ့မျှဝေသည့် ကုရ်အာန် မုက္ခပတ်တော်မှာ စူရာ ၆ အာယတ်နံပါတ် ၂ ဖြစ်ပါသည်။
============================
ထိုအလ္လာဟ်အရှင်မြတ်သည် အသင်တို့အားရွှံ့မြေဖြင့် ဖန်ဆင်းတော်မူပြီးနောက် (အသက်သေဆုံး စေရန်)အချိန်တချိန်ကို သတ်မှတ်ပြဋ္ဌာန်း တော်မူခဲ့သောအရှင်ပင်ဖြစ်ပေသည်။ ၎င်းပြင် (ရှင်ပြန်ထစေရန်)အချိန်သည် ထိုအရှင်မြတ်ထံတော် ၌သာ သတ်မှတ်ပြဌာန်းပြီးဖြစ်၏။သို့ပါလျက် အသင်တို့သည် ဒွိဟသံသယ ဖြစ်ကြကုန်သတည်း။ (၆း၂)

He it is created you from clay, and then decreed a stated term (for you). And there is in His presence another determined term; yet ye doubt within yourselves! (6:2)

Wednesday, April 24, 2013

ကျမ်းမြတ်ကုရ်အာန်

စူရာ ၆။(စူရတွလ် အံ(န်)အာမ်)သားကောင်များကဏ္ဍ
ယနေ့မျှဝေသည့် ကုရ်အာန် မုက္ခပတ်တော်မှာ စူရာ ၆ အာယတ်နံပါတ် ၁ ဖြစ်ပါသည်။
============================
အလုံးစုံသော ချီးမွမ်း ထောမနာပြုခြင်း တို့သည်အလ္လာဟ်အရှင်မြတ် အဘို့သာတည်း။ ထိုအရှင်မြတ်သည် မိုးများနှင့် ပထ၀ီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အမှောင်များနှင့် အလင်းရောင်ကို ပြုလုပ်တော် မူခဲ့လေသည်။ သို့ပါလျက်နှင့်ပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ကား (အခြားသူတို့ကို) မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တန်းတူ မှတ်ယူထားရှိကြကုန်သတည်း။ (၆း၁)

Praise be Allah, Who created the heavens and the earth, and made the darkness and the light. Yet those who reject Faith hold (others) as equal, with their Guardian-Lord. (6:1)

Tuesday, April 23, 2013

ကျမ်းမြတ်ကုရ်အာန်

စူရာ ၅။(စူရတွလ်မာအေ့ဒဟ်) ခဲဘွယ်ဘောဇဉ်ကဏ္ဍ။
စူရာ ၅၊အာယတ်(၁၂၀)
==================
မိုးကောင်းကင်များကို၎င်း၊ ပထ၀ီမြေပြင်ကိုလည်းကောင်း၊ ထိုမိုးကောင်းကင်များနှင့် ပထ၀ီမြေကြီး၌ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်ခြင်း(အာဏာ)သည်အလ္လာဟ်အရှင်မြတ်၌သာ ရှိချေသည်။ စင်စစ်မူကား ထိုအရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူသောအရှင်ပင်ဖြစ်တော်မူချေ သတည်း။ (၅း၁၂၀)

To Allah doth belong the dominion of the heavens and the earth, and all that is therein, and it is He Who hath power over all things. (5:120)

Monday, April 22, 2013

ကျမ်းမြတ်ကုရ်အာန်

စူရာ ၅။(စူရတွလ်မာအေ့ဒဟ်) ခဲဘွယ်ဘောဇဉ်ကဏ္ဍ။
စူရာ ၅၊အာယတ်(၁၁၉)
==================
အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူလတ္တံ့။ ယနေ့မူကား မှန်ကန်သူများအဖို့၊ ၎င်းတို့၏ မှန်ကန်မှုသည် အကျိုးပေးသည့်နေ့ပင် ဖြစ်ချေသည်။ ထို(မှန်ကန်သူများ)အဖို့ အကြင်ဥယျာဉ်များသည် (အဆင်သင့်)ရှိကြပေအံ့။ထိုဥယျာဉ် များ၏အောက်မှ စမ်းရေချောင်းများသည်စီးထွေ လျက်ရှိကြလတ္တံ့။ ၎င်းတို့သည် ထိုဥယျာဉ်များတွင်အမြဲထာဝစဉ် နေထိုင် (စံမြန်း) ကြကုန်အံ့။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကျေနပ်တော် မူပြီး ဖြစ်တော်မူ၏။၎င်းတို့သည်လည်း ထိုအသျှင်မြတ် အပေါ်၌ ကျေနပ်ပြီးဖြစ်ကြကုန်၏။ဤသည်ကား ထူးကဲမြင့်မြတ်လှစွာသော (ဇေယျတု မင်္ဂလာ) အောင်မြင်မှုကြီးပင်တည်း။ (၅း၁၁၉)

Sunday, April 21, 2013

ကျမ်းမြတ်ကုရ်အာန်

စူရာ ၅။(စူရတွလ်မာအေ့ဒဟ်) ခဲဘွယ်ဘောဇဉ်ကဏ္ဍ။
စူရာ ၅၊အာယတ်(၁၁၈)
==================
"အရှင်မြတ်သည် အကယ်၍ထိုသူတို့အားအပြစ်ဒဏ် ပေးတော်မူခဲ့ပါလျှင်၊ ၎င်းတို့သည် ဧကန်မလွဲ အရှင်မြတ်၏ကျွန် များပင် ဖြစ်ကြပါ၏။ ၎င်းပြင် အကယ်၍ အရှင်မြတ်သည် ထိုသူတို့ အား (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါလျှင်လည်း(ပြုစွမ်းတော်မူနိုင်ပါသည်။)အဘယ်ကြောင့်ဆိုသော်ဧကန်စင်စစ်အရှင်မြတ်သည်တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ကျိုး ကြောင်းဆင်ခြင် တုံဥာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။" (၅း၁၁၈)

"If Thou dost punish them, they are Thy servant: If Thou dost forgive them, Thou art the Exalted in power, the Wise." (5:118)

Saturday, April 20, 2013

ကျမ်းမြတ်ကုရ်အာန်

စူရာ ၅။(စူရတွလ်မာအေ့ဒဟ်) ခဲဘွယ်ဘောဇဉ်ကဏ္ဍ။
စူရာ ၅၊အာယတ်(၁၁၇)
==================
ကျွန်တော်မျိုးသည် ၎င်းတို့ကို အရှင်မြတ်ကကျွန်တော်မျိုးအား မိန့်တော်မူသည့် (အတိုင်း) ‘အို-အချင်းတို့၊အသင်တို့သည် ကျွန်ုပ်၏အရှင်လည်း ဖြစ်တော်မူသော၊ အသင်တို့၏အရှင်လည်းဖြစ်တော် မူသော(တစ်ဆူတည်းသော)အလ္လာဟ်အရှင်မြတ်အားသာ ကိုးကွယ်ကြလေကုန်’ ဟူသောစကားမှအပ အခြားမည်သည့်စကားကိုမျှ ပြောဆိုခဲ့သည် မရှိပါ။ ထို့ပြင်တ၀ ကျွန်တော်မျိုးသည် ၎င်းတို့အထဲတွင် ရှိနေသမျှကာလပတ်လုံး ၎င်းတို့(၏အကြောင်း)ကို သိရှိသူ ဖြစ်ပါသည်။တဖန် အရှင်သည် ကျွန်တော်မျိုးအား ပင့်မယူဆောင်သောအခါ အရှင်သည်ပင်လျှင် ၎င်းတို့(၏ အကြောင်း)ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူခဲ့ပါသည်။ အမှန်စင်စစ်သော်ကားအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိမြင်တော်မူသောရှင်မြတ်ပင် ဖြစ်တော်မူ ပါသည်။ (၅း၁၁၇)

ကျမ်းမြတ်ကုရ်အာန်

(ပြန်လည်အောက်မေ့သတိရပါလေ၊) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့၊ "အို-မရ်ယမ် ၏သား အီစာ၊ အသင်က လူတို့အား အသင်တို့သည် အလ္လာဟ် အရှင်မြတ်အပြင် ကျွန်ုပ်(အီစာ)ကိုလည်းကောင်း၊ ကျွန်ုပ်၏မယ်တော် (မရ်ယမ်)ကိုလည်းကောင်း၊ ကိုးကွယ်ရာ(ဘုရား)နှစ်ပါး မှတ်ယူကြ လေကုန်ဟု ပြောကြားခဲ့ပါသလော"။ ထိုအခါ (အီစာ)(အလိုင် ဟစ္စလာမ်)သည် (ဤသို့)လျှောက်ထား ပြန်ကြားပေအံ့။ ("အို - အရှင်)

Thursday, April 18, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

အလ္လာဟ်အရှင်မြတ်က "ငါအရှင်မြတ်သည် ထိုစားဖွယ် သောက်ဖွယ်ကို အသင်တို့အပေါ်၌ မုချဧကန်ချပေးသနားတော်မူအံ့၊ သို့ရာတွင် ထို(သို့ချပေးသနားတော်မူပြီး)နောက် အသင်တို့အနက် မည်သူမဆို ငြင်းပယ်ပါမူ၊ငါအရှင်မြတ်သည် စကြာဝဠာ ခပ်သိမ်းတို့ အနက်မည်သူတစ်ဦးတစ်ယောက် ကိုမျှပေးတော်မမူမည့် အပြစ်ဒဏ်ကို ထိုသူအား ဧကန်မလွဲပေးတော်မူအံ"့ ဟု ပြန်ကြားတော်မူခဲ့လေသတည်း။ (၅း၁၁၅)

Allah said: "I will send it down unto you: But if any of you after that resisteth faith, I will punish him with a penalty such as I have not inflicted on any one among all the peoples." (5:115)

http://tanzil.net/#trans/en.yusufali/5:115
Photo: အလ္လာဟ်အရှင်မြတ်က "ငါအရှင်မြတ်သည် ထိုစားဖွယ် သောက်ဖွယ်ကို အသင်တို့အပေါ်၌ မုချဧကန်ချပေးသနားတော်မူအံ့၊ သို့ရာတွင် ထို(သို့ချပေးသနားတော်မူပြီး)နောက် အသင်တို့အနက် မည်သူမဆို ငြင်းပယ်ပါမူ၊ငါအရှင်မြတ်သည် စကြာဝဠာ ခပ်သိမ်းတို့ အနက်မည်သူတစ်ဦးတစ်ယောက် ကိုမျှပေးတော်မမူမည့် အပြစ်ဒဏ်ကို ထိုသူအား ဧကန်မလွဲပေးတော်မူအံ"့ ဟု ပြန်ကြားတော်မူခဲ့လေသတည်း။ (၅း၁၁၅)
http://quran.mmsy.info/app/

Allah said: "I will send it down unto you: But if any of you after that resisteth faith, I will punish him with a penalty such as I have not inflicted on any one among all the peoples." (5:115)

http://tanzil.net/#trans/en.yusufali/5:115

Wednesday, April 17, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

မရ်ယမ်(သခင်မ)၏သား(တော်တမန်တော်)အီစာ (အလိုင်ဟစ္စလာမ်)က "အို-အလ္လာဟ်အရှင်မြတ်၊ အိုကျွန်တော်မျိုးတို့ အား မွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး တို့အပေါ်သို့ မိုးကောင်းကင်မှ စားဖွယ်သောက်ဖွယ်ကို ချပေးသနား တော်မူပါ၊ ထိုစားဖွယ်သောက် ဖွယ်သည် ကျွန်တော်မျိုးတို့အဖို့ (၀ါ) ကျွန်တော်မျိုးတို့တွင် ရှေးကျသူများ အဖို့လည်းကောင်း၊ ကျွန်တော်မျိုးတို့နောက် လာလတ္တံ့သောသူများအဖို့ လည်းကောင်း၊ပျော်ရွှင်ဖွယ်ရာ ဖြစ် ပါစေ၊ ၎င်းပြင် အရှင်မြတ်ထံတော်မှ သက်သေလက္ခဏာ တော် တစ်ပါးလည်းဖြစ်ပါစေ။အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာလျှင် အကောင်းဆုံးသောပေး သနားတော်မူသော အရှင် ဖြစ်တော်မူ ပါသည်" ဟုလျှောက်ထားပန်ကြားလေသည်။ (၅း၁၁၄)

Tuesday, April 16, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

ထို(ဟ၀ါရီ)များက ကျွန်တော်မျိုးတို့သည် ထို(စားပွဲတွင် ပါရှိလေသော) စားဖွယ်ကို (ဗရ်ကတ်မင်္ဂလာရှိစေခြင်းအားဖြင့်) စားသုံးခြင်းငှာလည်းကောင်း၊ ကျွန်တော်မျိုးတို့၏စိတ်နှလုံးများ နှစ်သိမ့်ကျေနပ်ခြင်းငှာလည်းကောင်း၊အသင် (တမန်တော်အီစာ) သည် ကျွန်တော်မျိုးတို့အား(မိမိနဗီတမန်တော်ဖြစ်ကြောင်း) မှန်ကန် စွာပြောဆိုခဲ့သည်ကို(ကိုယ်တွေ့မျက်မြင်) ကောင်းမွန်စွာ ယုံကြည်ခြင်း ငှာလည်းကောင်း၊ ထို (တန်ခိုးပြာဋိဟာ)နှင့် စပ်လျဉ်း၍ ကျွန်တော်မျိုးတို့သည် အသိသက်သေဖြစ်ခြင်းငှာ၎င်း၊ ရည်စူးကြပါသည်ဟုပြန်ကြားကြကုန်၏။ (၅း၁၁၃)

They said: "We only wish to eat thereof and satisfy our hearts, and to know that thou hast indeed told us the truth; and that we ourselves may be witnesses to the miracle." (5:113)
Photo: ထို(ဟ၀ါရီ)များက ကျွန်တော်မျိုးတို့သည် ထို(စားပွဲတွင် ပါရှိလေသော) စားဖွယ်ကို (ဗရ်ကတ်မင်္ဂလာရှိစေခြင်းအားဖြင့်) စားသုံးခြင်းငှာလည်းကောင်း၊ ကျွန်တော်မျိုးတို့၏စိတ်နှလုံးများ နှစ်သိမ့်ကျေနပ်ခြင်းငှာလည်းကောင်း၊အသင် (တမန်တော်အီစာ) သည် ကျွန်တော်မျိုးတို့အား(မိမိနဗီတမန်တော်ဖြစ်ကြောင်း) မှန်ကန် စွာပြောဆိုခဲ့သည်ကို(ကိုယ်တွေ့မျက်မြင်) ကောင်းမွန်စွာ ယုံကြည်ခြင်း ငှာလည်းကောင်း၊ ထို (တန်ခိုးပြာဋိဟာ)နှင့် စပ်လျဉ်း၍ ကျွန်တော်မျိုးတို့သည် အသိသက်သေဖြစ်ခြင်းငှာ၎င်း၊ ရည်စူးကြပါသည်ဟုပြန်ကြားကြကုန်၏။ (၅း၁၁၃)
http://quran.mmsy.info/app/

 They said: "We only wish to eat thereof and satisfy our hearts, and to know that thou hast indeed told us the truth; and that we ourselves may be witnesses to the miracle." (5:113)
http://tanzil.net/#trans/en.yusufali/5:113

Monday, April 15, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

(အို-နဗီတမန်တော်မုဟမ္မဒ်၊ အသင်သည် ပြန်လည်သတိရစေပါလေ၊) အခါတစ်ပါး၌ ဟ၀ါရီ တို့က" အို-မရ်ယမ်(သခင်မ)၏သား (နဗီတမန်တော်) အီစာ(သခင်) အသင့်အား ဖန်ဆင်းမွေးမြူသောမူသောအရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်မှ စားဖွယ်သောက်ဖွယ် (နှင့်ပြည့်စုံသော စားပွဲတစ်ခု)ကို ချပေးသနားတော်မူနိုင်စွမ်းရှိပါ သလော"ဟုပြောဆိုကြလေသည်။ ထိုအခါ နဗီတမန်တော် "အီစာ" က ဟယ်- အချင်းတို့) အသင်တို့သည် အကယ်စင်စစ် "မုအ်မင်န်" သက်ဝင် ယုံကြည်သောသူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ် အား ကြောက်ရွံ့ကြလေကုန်ဟုပြောကြားတော်မူခဲ့ပေသည်။ (၅း၁၁၂)

Sunday, April 14, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

၎င်းပြင် (အို-နဗီတမန်တော်အီစာ) အသင်သည် (ပြန်လည်အောက်မေ့ သတိရပါလေ) အကြင် အခါဝယ်ငါအရှင်မြတ်သည်

ဟ၀ါရီတို့ထံ "အသင်တို့သည် ငါအရှင်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ တမန်တော်(အီစာ)အားလည်းကောင်း၊

သက်ဝင်ယုံကြည်လေကုန်" ဟု အမိန့် တော်ထုတ်ပြန် ချမှတ်တော်မူခဲ့လေရာ ထို(ဟ၀ါရီ)တို့က "ကျွန်တော်မျိုးတို့သည်

ယုံကြည်ကြပါပြီ၊ ကျွန်တော်မျိုးတို့သည်အမိန့်ကို လိုက်နာကြသော မွတ်စလင်မ်များဖြစ်ကြောင်းအရှင်မြတ် သည်

သက်သေဖြစ်တော်မူပါ" ဟူ၍ လျှောက်ထားပန်ကြားခဲ့ ကြသည်။ (၅း၁၁၁)

"And behold! I inspired the disciples to have faith in Me and Mine Messenger: they said, 'We have faith, and do

thou bear witness that we bow to Allah as Muslims'". (5:111)

Photo: ၎င်းပြင် (အို-နဗီတမန်တော်အီစာ) အသင်သည် (ပြန်လည်အောက်မေ့ သတိရပါလေ) အကြင် အခါဝယ်ငါအရှင်မြတ်သည် 

ဟ၀ါရီတို့ထံ "အသင်တို့သည် ငါအရှင်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ တမန်တော်(အီစာ)အားလည်းကောင်း၊ 

သက်ဝင်ယုံကြည်လေကုန်" ဟု အမိန့် တော်ထုတ်ပြန် ချမှတ်တော်မူခဲ့လေရာ ထို(ဟ၀ါရီ)တို့က "ကျွန်တော်မျိုးတို့သည် 

ယုံကြည်ကြပါပြီ၊ ကျွန်တော်မျိုးတို့သည်အမိန့်ကို လိုက်နာကြသော မွတ်စလင်မ်များဖြစ်ကြောင်းအရှင်မြတ် သည် 

သက်သေဖြစ်တော်မူပါ" ဟူ၍ လျှောက်ထားပန်ကြားခဲ့ ကြသည်။ (၅း၁၁၁)

"And behold! I inspired the disciples to have faith in Me and Mine Messenger: they said, 'We have faith, and do 

thou bear witness that we bow to Allah as Muslims'". (5:111)

http://tanzil.net/#trans/en.yusufali/5:111

Saturday, April 13, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

၎င်းနောက် ထိုနေ့မှာပင်) အကြင်အခါဝယ်အလ္လာဟ်အရှင်မြတ်သည် (တမန်တော်အီစာသခင်အား ဤသို့)မိန့်ကြားတော်မူအံ့၊ အို-မရ်ယမ်၏ သား အီစာ၊ အသင်သည်မိမိအပေါ်၌လည်းကောင်း၊ မိမိ၏ မိခင်အပေါ်၌လည်းကောင်း၊ငါအရှင်မြတ်ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့ သတိရပါ လေ။ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား "ရူဟုလ်ကုဒွတ်စ်" ဖြင့် ကူညီထောက်မတော်မူခဲ့၏။

Friday, April 12, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

(အသင်တို့သည် အကြင်နေ့ကို သတိရကြလေကုန်၊ ကြောက်ရွံ့ကြလေကုန်) ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်များအား စုရုံးစေတော်မူပြီး (ထို ရစူလ်တမန်တော်များကို) "အသင် တို့သည် (မိမိတို့၏ နောက်လိုက်များထံမှ) မည်သို့ သော ပြန်ကြားခြင်းကို ရရှိခဲ့ကြပါသနည်း"ဟု မေးမြန်းတော်မူအံ့။ (ထိုအခါ ထိုရစူလ်တမန်တော် များက)ကျွန်တော်မျိုးတို့တွင်အလျင်းမသိကြပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသောအရာများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါသည်ဟု လျှောက်ထားခဲ့ကြကုန်အံ့။ (၅း၁၀၉)

Thursday, April 11, 2013

ကျမ်းမြတ်ကုရ်အာန်

ဤသည်ကား သက်သေများသည် သက်သေခံထိုက်သောနည်းမှန်တိုင်း သက်သေခံကြရန်၊ သို့ တည်းမဟုတ်၎င်းတို့သည် မိမိတို့၏ကျိန်ဆိုချက်များမှာ အခြားသူများ၏ကျိန်ဆိုချက်များဖြင့် ကန့်ကွက်ပယ်ချခြင်းခံရမည်ကို စိုးရိမ်ကြရန် အနီးစပ် ဆုံး(အကောင်းဆုံး)သောနည်းပင် ဖြစ်ချေသည်။(မည်သို့ပင်ဖြစ်စေ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့ကြလေကုန်၊ ၎င်းပြင် (ထိုအသျှင်မြတ်၏အမိန့်တော်များကို) နာယူကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို ကျူးလွန်သောသူတို့အားတရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူသည် မဟုတ်ပေ။ (၅း၁၀၈)

Wednesday, April 10, 2013

ကျမ်းမြတ်ကုရ်အာန်

တစ်ဖန် အကယ်၍ ၎င်းတို့နှစ်ဦးသည် (တစ်စုံတစ်ရာအပြစ်) ကျူးလွန်ခဲ့ကြောင်း သိရှိရပါ လျှင်၊ ထိုအပြစ်ရှိသူနှစ်ဦး၏နေရာတွင် (ကွယ်လွန်သူ၏) ဆွေမျိုးအနီးစပ်ဆုံး အမွေစားတို့အနက် သက်သေနှစ်ယောက် ရပ်ပြီးလျှင်၊ "ကျွန်ုပ်တို့၏သက်သေခံခြင်းမှာ ထိုသူတို့နှစ်ဦး သက်သေခံခြင်း ထက်ပိုမို၍မှန်ကန်ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည်(ပစ္စည်းတောင်းဆိုရာတွင်လည်းကောင်း၊ ၀ဆွီများအား စွပ်စွဲရာတွင်လည်းကောင်း၊)စည်းကမ်းကျူးလွန်ခြင်းလည်း မရှိကြပါ။ (အကယ်၍သာ ကျူးလွန်ခဲ့သည်ရှိသော်) ကျွန်ုပ်တို့သည် မလွဲဧကန် မတော်မတရားကျူးလွန်သောသူတို့အနက် အပါအ၀င် ဖြစ်ကြပါအံ"့ ဟုအလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုကြရပေမည်။ (၅း၁၀၇)

Tuesday, April 9, 2013

ကျမ်းမြတ်ကုရ်အာန်

အို-သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ‘မရဏ’ သေခြင်းတရားသည်ဆိုက်ရောက်၍ (ထိုသူသည်) "၀ဆွီယသ်"မှာတမ်းစကား ပြောကြားလေသောအခါ၊ အသင်တို့အနက်မှ တရားမျှတမှုရှိသောသူနှစ်ယောက် သက်သေအဖြစ် ရှိကြရပေမည်။ သို့တည်းမဟုတ် အသင်တို့သည် မြေပြင်ဝယ်ခရီးထွက်နေစဉ် အသင်တို့၌ သေဘေးဆိုက်ရောက်ခဲ့သည်ရှိသော် အကယ်၍ မွတ်စ်လင်မ်မရှိသော် အသင်တို့မှတစ်ပါး အခြား (သာသနာဝင်)တို့အနက်မှ သက်သေနှစ်ဦး ရှိကြရ ပေမည်။

Monday, April 8, 2013

ကျမ်းမြတ်ကုရ်အာန်

အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်သာလျှင် ပူပန်ကြလေကုန်။ အသင်တို့၏တရားလမ်းစဉ်အတိုင်း (မတိမ်းမစောင်း) လိုက်နာနေကြပါလျှင်၊ တရားလမ်းမှားသောသူသည် အသင်တို့ကို (မည်သို့မျှ)အကျိုးယုတ် နစ်နာစေနိုင် မည် မဟုတ်ပေ။ အသင်တို့အားလုံးတို့သည် နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်ကြရလတ္တံ့။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့ ပြုမူခဲ့သမျှတို့ကို အသင်တို့အား အသိပေးတော်မူအံ့။ (၅း၁၀၅)

O ye who believe! Guard your own souls: If ye follow (right) guidance, no hurt can come to you from those who stray. the goal of you all is to Allah: it is He that will show you the truth of all that ye do. (5:105)
Photo: အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်သာလျှင် ပူပန်ကြလေကုန်။ အသင်တို့၏တရားလမ်းစဉ်အတိုင်း (မတိမ်းမစောင်း) လိုက်နာနေကြပါလျှင်၊ တရားလမ်းမှားသောသူသည် အသင်တို့ကို (မည်သို့မျှ)အကျိုးယုတ် နစ်နာစေနိုင် မည် မဟုတ်ပေ။ အသင်တို့အားလုံးတို့သည် နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်ကြရလတ္တံ့။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့ ပြုမူခဲ့သမျှတို့ကို အသင်တို့အား အသိပေးတော်မူအံ့။ (၅း၁၀၅)

O ye who believe! Guard your own souls: If ye follow (right) guidance, no hurt can come to you from those who stray. the goal of you all is to Allah: it is He that will show you the truth of all that ye do.   (5:105)
http://tanzil.net/#trans/en.yusufali/5:105

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်သာလျှင် ပူပန်ကြလေကုန်။ အသင်တို့၏တရားလမ်းစဉ်အတိုင်း (မတိမ်းမစောင်း) လိုက်နာနေကြပါလျှင်၊ တရားလမ်းမှားသောသူသည် အသင်တို့ကို (မည်သို့မျှ)အကျိုးယုတ် နစ်နာစေနိုင် မည် မဟုတ်ပေ။ အသင်တို့အားလုံးတို့သည် နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်ကြရလတ္တံ့။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့ ပြုမူခဲ့သမျှတို့ကို အသင်တို့အား အသိပေးတော်မူအံ့။ (၅း၁၀၅)

Sunday, April 7, 2013

ကျမ်းမြတ်ကုရ်အာန်

၎င်းပြင် ထိုသူတို့အား "အသင်တို့သည်အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော အမိန့်တော်များနှင့် ရစူလ်တမန်တော်ဖက်သို့ လာကြလေကုန်" ဟု ပြာဆိုသောအခါ၊ ထိုသူတို့က "ကျွန်ုပ်တို့အဖို့ အကြင်လမ်းစဉ်သည်လုံလောက် ပေသည်။ ထိုလမ်းစဉ်ပေါ်၌ ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား တွေ့ရှိခဲ့ကြသည်" ဟုဖြေကြား၏။ အကယ်၍ ၎င်းတို့၏ အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိ နားမလည်ကြသည့်ပြင် (ကောင်းကင်ကျ) တရားလမ်းစဉ်ကိုပင် မရရှိကြသော်လည်း (၎င်းတို့ ၎င်းအဖို့၊ ၎င်းတို့၏ အဘ၊ ဘိုး၊ ဘေး၊ တို့၏လမ်းစဉ်သည် ၎င်းတို့အဖို့ လုံလောက်ပါသလော။ အလျင်းမလုံလောက်ပေ။ ) (၅း၁၀၄)

When it is said to them: "Come to what Allah hath revealed; come to the Messenger": They say: "Enough for us are the ways we found our fathers following." what! even though their fathers were void of knowledge and guidance? (5:104)

http://tanzil.net/#trans/en.yusufali/5:114
Photo: ၎င်းပြင် ထိုသူတို့အား "အသင်တို့သည်အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော အမိန့်တော်များနှင့် ရစူလ်တမန်တော်ဖက်သို့ လာကြလေကုန်" ဟု ပြာဆိုသောအခါ၊ ထိုသူတို့က "ကျွန်ုပ်တို့အဖို့ အကြင်လမ်းစဉ်သည်လုံလောက် ပေသည်။ ထိုလမ်းစဉ်ပေါ်၌ ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား တွေ့ရှိခဲ့ကြသည်" ဟုဖြေကြား၏။ အကယ်၍ ၎င်းတို့၏ အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိ နားမလည်ကြသည့်ပြင် (ကောင်းကင်ကျ) တရားလမ်းစဉ်ကိုပင် မရရှိကြသော်လည်း (၎င်းတို့ ၎င်းအဖို့၊ ၎င်းတို့၏ အဘ၊ ဘိုး၊ ဘေး၊ တို့၏လမ်းစဉ်သည် ၎င်းတို့အဖို့ လုံလောက်ပါသလော။ အလျင်းမလုံလောက်ပေ။ ) (၅း၁၀၄)

When it is said to them: "Come to what Allah hath revealed; come to the Messenger": They say: "Enough for us are the ways we found our fathers following." what! even though their fathers were void of knowledge and guidance? (5:104)

http://tanzil.net/#trans/en.yusufali/5:114

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

၎င်းပြင် ထိုသူတို့အား "အသင်တို့သည်အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော အမိန့်တော်များနှင့် ရစူလ်တမန်တော်ဖက်သို့ လာကြလေကုန်" ဟု ပြာဆိုသောအခါ၊ ထိုသူတို့က "ကျွန်ုပ်တို့အဖို့ အကြင်လမ်းစဉ်သည်လုံလောက် ပေသည်။ ထိုလမ်းစဉ်ပေါ်၌ ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား တွေ့ရှိခဲ့ကြသည်" ဟုဖြေကြား၏။ အကယ်၍ ၎င်းတို့၏ အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိ နားမလည်ကြသည့်ပြင် (ကောင်းကင်ကျ) တရားလမ်းစဉ်ကိုပင် မရရှိကြသော်လည်း (၎င်းတို့ ၎င်းအဖို့၊ ၎င်းတို့၏ အဘ၊ ဘိုး၊ ဘေး၊ တို့၏လမ်းစဉ်သည် ၎င်းတို့အဖို့ လုံလောက်ပါသလော။ အလျင်းမလုံလောက်ပေ။ ) (၅း၁၀၄)

Saturday, April 6, 2013

ကျမ်းမြတ်ကုရ်အာန်

အလ္လာဟ်အရှင်မြတ်သည် "ဗဟီရဟ်" ကိုလည်း(ရှရီအတ်တရားဥပဒေတွင်) သတ်မှတ်ပြဌာန်း တော် မူခဲ့သည်မဟုတ်ပေ။ "စာအိဗဟ်" ကိုလည်း သတ်မှတ် ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ "၀ဆွီလဟ်" ကိုလည်း သတ်မှတ်ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ "ဟာမီ" ကိုလည်းအသိအမှတ်ပြုတော်မူခဲ့သည်မဟုတ်ပေ။သို့ရာတွင်မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့မူကား အလ္လာဟ်အရှင်မြတ် အပေါ်၌မဟုတ်မမှန်လုပ်ကြံ၍မုသားစကား ပြောဆိုကြကုန်၏။ စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အသိဥာဏ်ကင်းမဲ့ ကြကုန်သတည်း။ (၅း၁၀၃)

It was not Allah who instituted (superstitions like those of) a slit-ear she-camel, or a she-camel let loose for free pasture, or idol sacrifices for twin-births in animals, or stallion-camels freed from work: It is blasphemers who invent a lie against Allah; but most of them lack wisdom. (5:103)

http://tanzil.net/#trans/en.yusufali/5:103
Photo: အလ္လာဟ်အရှင်မြတ်သည် "ဗဟီရဟ်" ကိုလည်း(ရှရီအတ်တရားဥပဒေတွင်) သတ်မှတ်ပြဌာန်း တော် မူခဲ့သည်မဟုတ်ပေ။ "စာအိဗဟ်" ကိုလည်း သတ်မှတ် ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ "၀ဆွီလဟ်" ကိုလည်း သတ်မှတ်ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ "ဟာမီ" ကိုလည်းအသိအမှတ်ပြုတော်မူခဲ့သည်မဟုတ်ပေ။သို့ရာတွင်မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့မူကား အလ္လာဟ်အရှင်မြတ် အပေါ်၌မဟုတ်မမှန်လုပ်ကြံ၍မုသားစကား ပြောဆိုကြကုန်၏။ စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အသိဥာဏ်ကင်းမဲ့ ကြကုန်သတည်း။ (၅း၁၀၃)

It was not Allah who instituted (superstitions like those of) a slit-ear she-camel, or a she-camel let loose for free pasture, or idol sacrifices for twin-births in animals, or stallion-camels freed from work: It is blasphemers who invent a lie against Allah; but most of them lack wisdom. (5:103)

http://tanzil.net/#trans/en.yusufali/5:103

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်များ

အလ္လာဟ်အရှင်မြတ်သည် "ဗဟီရဟ်" ကိုလည်း(ရှရီအတ်တရားဥပဒေတွင်) သတ်မှတ်ပြဌာန်း တော် မူခဲ့သည်မဟုတ်ပေ။ "စာအိဗဟ်" ကိုလည်း သတ်မှတ် ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ "၀ဆွီလဟ်" ကိုလည်း သတ်မှတ်ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ "ဟာမီ" ကိုလည်းအသိအမှတ်ပြုတော်မူခဲ့သည်မဟုတ်ပေ။သို့ရာတွင်မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့မူကား အလ္လာဟ်အရှင်မြတ် အပေါ်၌မဟုတ်မမှန်လုပ်ကြံ၍မုသားစကား ပြောဆိုကြကုန်၏။ စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အသိဥာဏ်ကင်းမဲ့ ကြကုန်သတည်း။ (၅း၁၀၃)

Friday, April 5, 2013

ကျမ်းမြတ်ကုရ်အာန်

အသင်တို့အလျင် အထက်ကျော်ကာရီ၌ရှိခဲ့ကြသောသူတို့သည်လည်း ယင်းကဲ့သို့သောအကြောင်း အရာများကို မေးမြန်းခဲ့ဘူးကြလေသည်။ ထို့နောက် ၎င်းတို့သည် ယင်းအကြောင်းအရာများကို မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သတည်း။ (၅း၁၀၂)

Some people before you did ask such questions, and on that account lost their faith. (5:102)

Photo: အသင်တို့အလျင် အထက်ကျော်ကာရီ၌ရှိခဲ့ကြသောသူတို့သည်လည်း ယင်းကဲ့သို့သောအကြောင်း အရာများကို မေးမြန်းခဲ့ဘူးကြလေသည်။ ထို့နောက် ၎င်းတို့သည် ယင်းအကြောင်းအရာများကို မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သတည်း။ (၅း၁၀၂)

Some people before you did ask such questions, and on that account lost their faith. (5:102)

http://tanzil.net/#trans/en.yusufali/5:102

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်-(၅း၁၀၂)

Thursday, April 4, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်-(၅း၁၀၁)

အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (နဗီတမန်တော်မြတ်ထံ မဖွယ်မရာသော) အကြင်(အကြောင်း)အရာများနှင့် စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခြင်းကိုမပြုကြကုန်လင့်။ အကယ်၍သာ ထို(အကြောင်း)အရာများကို အသင်တို့ရှေ့ဝယ် ထုတ်ဖေါ် (ပြောဆို) ခဲ့သည်ရှိသော်အသင်တို့အဖို့ [မကောင်းဖြစ်ပေအံ့]။ (တနည်း) [မနှစ်သက်ဖွယ်ဖြစ်ပေအံ့]။ သို့ရာတွင် အကယ်၍သာ အသင်တို့သည်ထို(အကြောင်း)အရာများနှင့် စပ်လျဉ်း၍ ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်နေစဉ် အခါကာလ၌ လျှောက်ထားမေးမြန်းကြပါမူ ထို (အကြောင်း)အရာများသည် အသင်တို့ရှေ့ဝယ် ထုတ်ဖေါ်ပြီးဖြစ်အံ့။ ယင်းသို့သော အရာများနှင့်စပ်လျဉ်း၍(အတိတ်တွင်မေးခဲ့ကြသည်များကိုမူကား) အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူ၏။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသော အရှင်၊ အလွန်တရာ ခန္တီတရားနှင့် ပြည့်စုံတော်(မူ၍သည်းခံတော်)မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (၅း၁၀၁)

Wednesday, April 3, 2013

ကျမ်းမြတ်ကုရ်အာန်

(အို-နဗီတမန်တော်)အသင်သည်(ဤသို့) ပြောကြားပါလေ။ မသန့်ရှင်းမစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ၀မ်းသာအားရစေသော်လည်း မသန့်ရှင်းမစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သော အရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို-ခွဲခြားသိနိုင်သော နိသမ္မဥာဏ်ရှင် အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။ (၅း၁၀၀)

Say: "Not equal are things that are bad and things that are good, even though the abundance of the bad may dazzle thee; so fear Allah, O ye that understand; that (so) ye may prosper." (5:100)

http://tanzil.net/#trans/en.yusufali/5:100
Photo: (အို-နဗီတမန်တော်)အသင်သည်(ဤသို့) ပြောကြားပါလေ။ မသန့်ရှင်းမစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ၀မ်းသာအားရစေသော်လည်း မသန့်ရှင်းမစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သော အရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို-ခွဲခြားသိနိုင်သော နိသမ္မဥာဏ်ရှင် အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။ (၅း၁၀၀)

Say: "Not equal are things that are bad and things that are good, even though the abundance of the bad may dazzle thee; so fear Allah, O ye that understand; that (so) ye may prosper." (5:100)

http://tanzil.net/#trans/en.yusufali/5:100

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်-(၅း၁၀၀)

(အို-နဗီတမန်တော်)အသင်သည်(ဤသို့) ပြောကြားပါလေ။ မသန့်ရှင်းမစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ၀မ်းသာအားရစေသော်လည်း မသန့်ရှင်းမစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သော အရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို-ခွဲခြားသိနိုင်သော နိသမ္မဥာဏ်ရှင် အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။ (၅း၁၀၀)

Tuesday, April 2, 2013

ကျမ်းမြတ်ကုရ်အာန်

ရစူလ်တမန်တော် (မုဟမ္မဒ်) ၏ အပေါ်၌(အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့)ပို့ဆောင်(ဟောကြား)ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သောအရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသောအရာများကိုလည်းကောင်း၊ စင်စစ်အလ္လာဟ်အရှင်မြတ်သည် ကောင်းစွာသိရှိတော်မူပေသတည်း။ (၅း၉၉)

The Messenger's duty is but to proclaim (the message). But Allah knoweth all that ye reveal and ye conceal. (5:99)

http://tanzil.net/#trans/en.yusufali/5:99
Photo: ရစူလ်တမန်တော် (မုဟမ္မဒ်) ၏ အပေါ်၌(အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့)ပို့ဆောင်(ဟောကြား)ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သောအရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသောအရာများကိုလည်းကောင်း၊ စင်စစ်အလ္လာဟ်အရှင်မြတ်သည် ကောင်းစွာသိရှိတော်မူပေသတည်း။ (၅း၉၉)

The Messenger's duty is but to proclaim (the message). But Allah knoweth all that ye reveal and ye conceal. (5:99)

http://tanzil.net/#trans/en.yusufali/5:99

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်-(၅း၉၉)

Monday, April 1, 2013

ကျမ်းမြတ်ကုရ်အာန်

ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက် ကိုးကွယ် ခြင်း၊ အမိန့်တော်ကို သွေဖည်ငြင်းပယ်ခြင်း၊ အစရှိသောပြစ်မှုများနှင့် မိမိတို့ကိုယ်ကို ဖုံးလွမ်းစေသောသူတို့အား) အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော် မူမည်ဖြစ်ကြောင်းနှင့် စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုတစ်ဆူတည်းသော အရှင်မြတ်အား ယုံကြည်ဆည်းကပ်၍ ကောင်းမြတ်သော သီလများကို ဆောက်တည်ကြကုန်သောသူတို့အား) အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာမျှ သနားညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူကြောင်းကို အသင်တို့သည်ကောင်းစွာ သိထားကြလေကုန်။ (၅း၉၈)

Know ye that Allah is strict in punishment and that Allah is Oft-forgiving, Most Merciful. (5:98)
Photo: ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက် ကိုးကွယ် ခြင်း၊ အမိန့်တော်ကို သွေဖည်ငြင်းပယ်ခြင်း၊ အစရှိသောပြစ်မှုများနှင့် မိမိတို့ကိုယ်ကို ဖုံးလွမ်းစေသောသူတို့အား) အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော် မူမည်ဖြစ်ကြောင်းနှင့် စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုတစ်ဆူတည်းသော အရှင်မြတ်အား ယုံကြည်ဆည်းကပ်၍ ကောင်းမြတ်သော သီလများကို ဆောက်တည်ကြကုန်သောသူတို့အား) အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာမျှ သနားညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူကြောင်းကို အသင်တို့သည်ကောင်းစွာ သိထားကြလေကုန်။ (၅း၉၈)

 Know ye that Allah is strict in punishment and that Allah is Oft-forgiving, Most Merciful. (5:98)

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်-(၅း၉၈)

Related Posts Plugin for WordPress, Blogger...

★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★

Popular Posts