၂။ အမျိုးသမီးတဦးသည် နမာဇ်အချိန် ကျရောက်နေသော်လည်း အချိန်နှောင်းစေခဲ့သည်။ ထို့ကြောင့် နမာဇ်၏နောက်ဆုံးအချိန်သို့ ရောက်နေ၏။ ယင်းအချိန်၌ မမျှော်လင့်ဘဲ ရာသီပန်းပွင့်ခဲ့လျှင် ယင်းအချိန်၏နမာဇ်သည် (မအားဖ်)ကင်းလွတ်သွားပေသည်။ ကဇွာပြန်ဖြည့်ရန်မလိုပေ။
၃။ စွန္နသ် (သို့) နဖိလ် နမာဇ်ဝတ်ပြုနေစဉ် ရာသီပန်းပွင့်ခဲ့လျှင် ၎င်းဝတ်ပြုနေသော နမာဇ်ပျက်သွား၏။ ထို့ပြင်တဖန် သန့်ရှင်းမှုကာလသို့ ရောက်လာသောအခါ ၎င်းပျက်သွားသောနမာဇ်ကို ကဇွာပြန်ဖြည့်ရမည်။
၎။ ဖွရဇ် (သို့) နဖိလ် ရိုဇာ စောင်ထိန်းထားချိန်တွင် ရာသီပန်းပွင့်ခဲ့လျှင် ၎င်းရိုဇာသည် ပျက်သွားမည်။ သန့်ပြန့်မှုကာလသို့ ရောက်သောအခါ ကဇွာပြန်ဖြည့်ရမည်။
၅။ အမျိုးသမီးတစ်ဦးသည် (၁၀)နေ့ နှင့် (၁၀)ည အထိ အပြည့်အဝ ရာသီပန်းပွင့်ပြီးနောက် သွေးပေါ်ခြင်းရပ်ဆိုင်းချိန်၌ “အလ္လားဟို့ အက္ကဗရ်” ဟုသာရွတ်ဆိုရန် နမာဇ်အချိန်ကျန်ရှိနေပြီး ရေချိုးရန်လည်း အချိန်မကျန်ခဲ့လျှင်လည်း ထိုအချိန်၏ နမာဇ်အားဝတ်ပြုရန် ဝါဂျစ်ဗ် တာဝန်ထိုက်သွားလေ၏။ ထို့ကြောင့် ထိုအချိန်၏ နမာဇ်အား ကဇွာဖြည့်ရမည်။
No comments:
Post a Comment