၂။ တမန်တော်မြတ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ သခင်၏ ဆံတော်အား ရိတ်ပေးခဲ့သော နဖူးစာကောင်းသော ဆွဟာဗီမှာ ဟဇရသ် မအ်မရ်ဗင်န်အဗ်ဒွလ္လာဟ် رَضِيَ اللهُ عَنْهُمْ သခင်ဖြစ်ပါသည်။
၃။ အစ္စလာမ်တို့၏ ပထမဦးဆုံး မရ်ကဇ်ဌာနမှာ ဆွဖွဟ်တောင်ခြေ၌ရှိသော ဟဇရသ် အရ်ကမ် رَضِيَ اللهُ عَنْهُمْ သခင်၏ နေအိမ်နှင့် မြေကွက်လပ်ဖြစ်ပါသည်။
၎။ တမန်တောမြတ်صَلَّي اللهُ عَلَيْهِ وَسَلَّمْသခင် မဒီနာဟ်မြို့တော်သို့ ပြောင်းရွှေ့လာတော်မှုပြီးနောက် ဒေသခံအန်ဆွာရီများအနက် ပထမဦးဆုံး ဝဟီဗျာဒိတ်တော်များ ရေးသားခွင့်ရသော ပုဂ္ဂိုလ်မြတ်မှာ ဟဇရသ်အိုဗိုင်အိဗ်နေ့ကအဗ် رَضِيَ اللهُ عَنْهُمْ သခင် ဖြစ်ပါသည်။ ၎င်းသခင်သည် ကျမ်းမြတ်ကုရ်အာန်၏ အကြီးဆုံးသော ကိရာအသ် ပညာရှင်ကြီး ဖြစ်ပါသည်။
၅။ တမန်တော်မြတ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ သခင်၏ သွေးတော်မြတ်ကို မိမိပါးစပ်ဖြင့် စုပ်ယူ မျိုချလိုက်သော ဆွဟာဗီမှာ မာလစ်က်ဗင်န်စေနားန် رَضِيَ اللهُ عَنْهُمْ သခင် ဖြစ်ပါသည်။
No comments:
Post a Comment