Friday, January 18, 2013
Thursday, January 17, 2013
ဒါလေးတွေသိပြီးပြီလား - ( ၁၇ )
မိုဟရ်ရမ်လ၊ အာရှူရာနေ့ ရက်မြတ်အကြောင်း နှင့် ရှောင်ကြဉ်အပ်သော လုပ်ရပ်များ
မုဟရ်ရမ်လမြတ်သည် အစ္စလာမ်သာသနာတော်၏ နှစ်ဆန်းလဖြစ်သည်။ အစ္စလာမ့် နှစ်သစ်ဆန်းလ ရောက်တိုင်း တမန်တော်မြတ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ ကိုယ်တော်မြတ်၏ သာသနာ့ကြိုးပမ်းမှု၊ အစ္စလာမ့်အတွက် စွန့်လွှတ်ပေးဆပ်မှုတို့အပြင် ကိုယ်တော်မြတ်ကြီး ရယူခဲ့တော်မူသော အောင်မြင်မှုတို့ကိုပါ သတိရစေပါသည်။တမန်တော် အီဗ်ရာဟီးမ် عَلَيْهِ السَّلَا مُ သခင်၏ ခေတ်အခါက ရိုသေမြတ်နိုးအပ်သော လများအဖြစ် (၁) မုဟရ်ရမ်၊ (၂) ရဂျဗ်၊ (၃) ဇူလ်ကအ်ဒဟ်၊ (၄) ဇူလ်ဟဂ်ျဂျဟ်လ များအား သတ်မှတ်ခဲ့ပါသည်။ ထို့ကြောင့် ကိုယ်တော်မြတ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ မပွင့်ပေါ်မီ အာရေဗျနိုင်ငံ၏ (တရားမဲ့အရိုင်းခေတ်က) အလေ့အထတစ်ခုအဖြစ် အာရဗ်လူမျိုးများသည် အဆိုပါ လေးလအား အေးချမ်းစွာ နေထိုင်ကြသည့်ကာလအဖြစ် သတ်မှတ်ခဲ့ကြပေသည်။
မုဟရ်ရမ်လမြတ်ဟူသည့် အရဗီစကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ဂုဏ်သိက္ခာရှိသောနှင့် အရိုအသေပေးခံရသော လမြတ်ဟူ၍ပင် ဖြစ်ပေသည်။
Wednesday, January 16, 2013
ဒါလေးတွေသိပြီးပြီလား - ( ၁၆ )
အကြင်သူသည် ဤလူ့လောက၌ အလ္လာဟ်အရှင်မြတ်သခင် သတ်မှတ်ပေးတော်မူထားသည့်
အုပ်ချုပ်မင်းလုပ်သူ အစိုးရအပေါ် ဂုဏ်ပေးလေးစားသမှု ပြုခဲ့မည်ဆိုပါက
အရှင်မြတ်သခင်ကလည်း ထိုသူ့ကို ကိယာမသ် (ကမ္ဘာ့တရားခွင်) နေ့တွင်
ဂုဏ်အဆင့်အတန်း ချီးမြှင့်ပေးသနားတော်မူပေလိမ့်မည်။
Tuesday, January 15, 2013
ဒါလေးတွေသိပြီးပြီလား - ( ၁၅ )
အမဲစက်နဲ့ ၀က်ခြံတင်းတိပ်များ ကင်းစင်ပြီး ဖြူဝင်းလှပ ညက်ညောတဲ့ မျက်နှာပိုင်ရှင်လေးတွေဖြစ်စေဖို့အတွက် သဘာဝရဲ့ သစ်ဥသစ်ဖု တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
သစ်ဥသစ်ဖုလို့ဆိုရင် မြန်မာ့ရိုးရာသနပ်ခါးက သဘာဝဆေးဖက်ဝင် သစ်ဥသစ်ဖု တစ်မျိုးဖြစ်တယ်ဆိုတာ မြန်မာလူမျိုးတွေဖြစ်တဲ့ ပျိုမေတို့ကို အထူးပြောပြနေဖို့ မလိုပါဘူး။ အသားအရေ လှပချောမွေ့ဖို့အတွက်ဆိုရင် သနပ်ခါးအပါအ၀င် သွေးလိမ်းရတဲ့ သစ်ဥသစ်ဖုတွေက ပျိုမေတို့ရဲ့ ချစ်စရာ့ မြန်မာပြည်ကြီးမှာ အများကြီးရှိပါတယ်။ ဒါကလဲ ပျိုမေတို့အတွက် အလ္လာဟ်အရှင်မြတ်ဘက်က ချီးမြှင့်ထားတဲ့ နိအ်မသ် စည်းစိမ်တွေထဲက တစ်ခုပါဘဲ။
Monday, January 14, 2013
ဒါတွေကို သင်သိပါရဲ့လား - ( ၁၄ )
۩ မကောင်းသော အတိတ်နမိတ်ကောက်ခြင်းသည် ရှစ်ရ်က် တုပနှိုင်းယှဉ်ခြင်း ဖြစ်၏။
۩ ဂိုနာဟ် ဒုစရိုက်များ ပေါများလာသောအခါ မိမိနေအိမ်တွင် စွဲမြဲစွာ နေထိုင်ပါ။
۩ ညီညွတ်စွာဖြင့် ရင်းရင်းနှီးနှီးနေထိုင်ကြပါ။
۩ ပြည့်ဝသော သည်းခံတရားသည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်အပေါ် ကျေနပ်နှစ်သက်ခြင်းဖြစ်သည်။
Sunday, January 13, 2013
ဒါတွေကို သင်သိပါရဲ့လား - ( ၁၃ )
Saturday, January 12, 2013
ဒါလေးတွေသိပြီးပြီလား - ( ၁၂ )
၂။ အမျိုးသမီးများကဲ့သို့ ဓမ္မတာရာသီလာတက်သော သတ္တဝါများမှာ ယုန်၊ ခွေးအ၊ လင်းဆွဲ တို့ဖြစ်ပါသည်။
၃။ ကမ္ဘာဦး တမန်တော် အာဒမ် عَلَيْهِمُ السَّلَا مُ ဒွန္နယာလောကသို့ ကျရောက်ဆင်းသက်သည့်အချိန်တွင် ကမ္ဘာမြေပြင်ပေါ်ဝယ် ကုန်းသတ္တဝါ ကျိုင်းကောင်နှင့် ရေသတ္တဝါငါးတို့သာ ရှိခဲ့ပါသည်။
၎။ ဒွန္နယာလောကတွင် ပထမဦးဆုံး နာမကျန်းဖြစ်ခဲ့ရသော သတ္တဝါမှာ တမန်တော်နူးဟ် عَلَيْهِمُ السَّلَا مُ သခင်၏ေ လှကြီးပေါ်တွင် ပါခဲ့သော ကျား သတ္တဝါ ဖြစ်ပါသည်။
၅။ တမန်တော် အစ်ဗရာဟီးမ် عَلَيْهِمُ السَّلَا مُ သခင်ကြီး မီးပုံထဲတွင် ရှိနေစဉ် မီးကိုငြိမ်းသတ်စေရန် ဖား သတ္တဝါက ပါးစပ်အတွင်းရေငုံ၍ မှုတ်ဖြန်းပေးခဲ့ပါသည်။
Friday, January 11, 2013
ဒါလေးတွေသိပြီးပြီလား - ( ၁၁ )
၂။ ပထမဆုံး ပုံနှိပ်စက်တီထွင်ခဲ့သူမှာ ဂျာမာန်လူမျိုး ဂူတင်ဘတ် ဖြစ်ပါသည်။
၃။ ပထမဆုံး အမြှောက်လက်နက်တီထွင်ခဲ့သူမှာ အွန်ဒုလွတ်စ် နိုင်ငံသားဖြစ်သည်။
၎။ ပထမဆုံး ဖိုတိုဂရာဖ် ကရိယာကိုတီထွင်ခဲ့သူမှာ အဒီစးန် ဖြစ်ပြီး အခြားအဆိုတရပ်တွင် အဖ်လာသူးန် ဟုဖော်ပြထားပါသည်။
၅။ ကမ္ဘာတစ်ခုလုံး၏ မျက်နှာပြင် ဧရိယာသည် စတုရန်းမိုင် (၁၉၇) သန်းရှိသည့်အနက် ကုန်းမြေ ဧရိယာမှာ စတုရန်းမိုင်(၅၇) သန်း ရှိပြီး ၊ပင်လယ်သမုဒ္ဒယာရေပြင်ဧရိယာမှာ စတုရန်းမိုင် (၁၄၀)ရှိပါသည်။
Thursday, January 10, 2013
ဒါလေးတွေသိပြီးပြီလား - ( ၁၀ )
၂။ သောင်ရာသ်ကျမ်းတွင် စာမျက်နှာအချပ်ပေါင်း(၁၀) ချပ်ပါရှိပြီး ယင်းတို့သည် ဂျန္နသ်သုခဘုံရှိ ဇီးရွက်ကြီးများ ဖြစ်ကြလေသည်။ အခြားအဆိုတရပ်တွင် ကျောက်စိမ်းဖြင့်အတိပြီးသော ကျောက်ချပ်ကြီးများဖြစ်သည်ဟုလာရှိပါသည်။
၃။ သောင်ရာသ်ကျမ်းရှိ စာမျက်နှာတစ်ချပ်၏ အရှည်မှာ (၁၈)ပေဖြစ်ပါသည်။ စူရာဟ်ပေါင်း တစ်ထောင်ပါရှိ၍ စူရာဟ်တစ်ပုဒ်စီတွင်အာယသ်တော်ပေါင်း တစ်ထောင်ပါရှိလေသည်။
၎။ သောင်ရာသ် ကျမ်းသည် အိဗ်ရာနီ ဘာသာစကားဖြင့်ရေးသားထားသောကျမ်မြတ်ဖြစ်သည်။
၅။ ယခု မျက်မှောက်ခေတ်တွင်ရှိနေသော သောင်ရာသ်ကျမ်းသည် အစစ်အမှန်မဟုတ်တော့ပေ။ နောက်ပိုင်းတွင် လူတို့သည် သောင်ရာသ် ကျမ်းဂန်အစစ်မှ အာယသ်တော်အချို့ကိုသာလျှင် အမှတ်တရထားရှိပြီး ကျန်ရှိသည်တို့ကို အပြောင်းလဲလုပ်၍ ပြင်ဆင်ရေးသားလိုက်ကြသည်။
Wednesday, January 9, 2013
ဒါလေးတွေသိပြီးပြီလား - ( ၉ )
၂။ အမျိုးသမီးတဦးသည် နမာဇ်အချိန် ကျရောက်နေသော်လည်း အချိန်နှောင်းစေခဲ့သည်။ ထို့ကြောင့် နမာဇ်၏နောက်ဆုံးအချိန်သို့ ရောက်နေ၏။ ယင်းအချိန်၌ မမျှော်လင့်ဘဲ ရာသီပန်းပွင့်ခဲ့လျှင် ယင်းအချိန်၏နမာဇ်သည် (မအားဖ်)ကင်းလွတ်သွားပေသည်။ ကဇွာပြန်ဖြည့်ရန်မလိုပေ။
၃။ စွန္နသ် (သို့) နဖိလ် နမာဇ်ဝတ်ပြုနေစဉ် ရာသီပန်းပွင့်ခဲ့လျှင် ၎င်းဝတ်ပြုနေသော နမာဇ်ပျက်သွား၏။ ထို့ပြင်တဖန် သန့်ရှင်းမှုကာလသို့ ရောက်လာသောအခါ ၎င်းပျက်သွားသောနမာဇ်ကို ကဇွာပြန်ဖြည့်ရမည်။
၎။ ဖွရဇ် (သို့) နဖိလ် ရိုဇာ စောင်ထိန်းထားချိန်တွင် ရာသီပန်းပွင့်ခဲ့လျှင် ၎င်းရိုဇာသည် ပျက်သွားမည်။ သန့်ပြန့်မှုကာလသို့ ရောက်သောအခါ ကဇွာပြန်ဖြည့်ရမည်။
၅။ အမျိုးသမီးတစ်ဦးသည် (၁၀)နေ့ နှင့် (၁၀)ည အထိ အပြည့်အဝ ရာသီပန်းပွင့်ပြီးနောက် သွေးပေါ်ခြင်းရပ်ဆိုင်းချိန်၌ “အလ္လားဟို့ အက္ကဗရ်” ဟုသာရွတ်ဆိုရန် နမာဇ်အချိန်ကျန်ရှိနေပြီး ရေချိုးရန်လည်း အချိန်မကျန်ခဲ့လျှင်လည်း ထိုအချိန်၏ နမာဇ်အားဝတ်ပြုရန် ဝါဂျစ်ဗ် တာဝန်ထိုက်သွားလေ၏။ ထို့ကြောင့် ထိုအချိန်၏ နမာဇ်အား ကဇွာဖြည့်ရမည်။
Tuesday, January 8, 2013
ဒါလေးတွေသိပြီးပြီလား - ( ၈ )
၂။ အကြင်သူသည် နူးညံသိမ်မွေ့သော စာရိတ္တကို လက်လွှတ်ခဲ့ပါက ထိုသူသည် ကောင်းချီးမင်္ဂလာဟူသမျှတို့မှ လက်လွှတ်ဆုံးရှုံးခြင်း ခံရမည်ဖြစ်ပေသည်။ (ဟဒီစ်း)
၃။ မိမိစိတ်ကိုနိုင်နင်း၍ တမလွန်၏အကျိုးအတွက် ကျင့်ကြံအားထုတ်သောသူသည် အသိဥာဏ်အရှိဆုံးသော သူဖြစ်သည်။ (ဟဒီးစ်)
၎။ လောက၌ နှိပ်စက်ညှင်းပန်းသူတို့သည် (ကိယာမသ်) ကမ္ဘာပျက်မည့်နေ့၌ အမှောင်ထုများနှင့် ရင်ဆိုင်ရမည်။ (ဟဒီးစ်)
၅။ လူတစ်ဦးအတွက် လူလိမ်ဖြစ်ရန်လုံလောက်သော အချက်မှာ ကြားသမျှစကားကို မစုံစမ်းမစစ်ဆေးပဲ အခြားသူတို့အားပြောပြခြင်းပင်ဖြစ်သည်။ (ဟဒီးစ်)
Monday, January 7, 2013
ဒါလေးတွေသိပြီးပြီလား - ( ၇ )
၂။ တမန်တော်မြတ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ သခင်၏ ဆံတော်အား ရိတ်ပေးခဲ့သော နဖူးစာကောင်းသော ဆွဟာဗီမှာ ဟဇရသ် မအ်မရ်ဗင်န်အဗ်ဒွလ္လာဟ် رَضِيَ اللهُ عَنْهُمْ သခင်ဖြစ်ပါသည်။
၃။ အစ္စလာမ်တို့၏ ပထမဦးဆုံး မရ်ကဇ်ဌာနမှာ ဆွဖွဟ်တောင်ခြေ၌ရှိသော ဟဇရသ် အရ်ကမ် رَضِيَ اللهُ عَنْهُمْ သခင်၏ နေအိမ်နှင့် မြေကွက်လပ်ဖြစ်ပါသည်။
၎။ တမန်တောမြတ်صَلَّي اللهُ عَلَيْهِ وَسَلَّمْသခင် မဒီနာဟ်မြို့တော်သို့ ပြောင်းရွှေ့လာတော်မှုပြီးနောက် ဒေသခံအန်ဆွာရီများအနက် ပထမဦးဆုံး ဝဟီဗျာဒိတ်တော်များ ရေးသားခွင့်ရသော ပုဂ္ဂိုလ်မြတ်မှာ ဟဇရသ်အိုဗိုင်အိဗ်နေ့ကအဗ် رَضِيَ اللهُ عَنْهُمْ သခင် ဖြစ်ပါသည်။ ၎င်းသခင်သည် ကျမ်းမြတ်ကုရ်အာန်၏ အကြီးဆုံးသော ကိရာအသ် ပညာရှင်ကြီး ဖြစ်ပါသည်။
၅။ တမန်တော်မြတ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ သခင်၏ သွေးတော်မြတ်ကို မိမိပါးစပ်ဖြင့် စုပ်ယူ မျိုချလိုက်သော ဆွဟာဗီမှာ မာလစ်က်ဗင်န်စေနားန် رَضِيَ اللهُ عَنْهُمْ သခင် ဖြစ်ပါသည်။
Sunday, January 6, 2013
ဒါလေးတွေသိပြီးပြီလား - ( ၆ )
၂။ အလ္လာဟ်အသျှင်မြတ်ထံ ချဉ်းကပ်စရာအကြောင်းဖြစ်သည်။ ကဗရ်၏ အလင်းရောင်ဖြစ်သည်။ အရှင်မြတ်၏ မအ်ရိဖသ်ကိုရရှိသည်။ အရှင်မြတ်သည် ၎င်းအားဝလီအဆင့်ကို ချီးမြှင့်တော်မူသည်။
၃။ ဒိုအာကဗူလ်ဖြစ်သည်။ ညအမှောင်၏ နှစ်ရကအသ်သည် အရာခတ်သိမ်းထက် သာမြတ်သည်။ ည၏ နောက်ဆုံးယံသည် သဟဂ်ျဂျွဒ်အတွက် အကောင်းဆုံးအချိန်ဖြစ်သည်။
၎။ သဟဂ်ျဂျွဒ်ထနိုင်ရန် စူရာကဟဖ်၏ နောက်ဆုံး(၃)အာယသ်ကို မအိပ်မှီဖတ်ပါ။
၅။ သဟဂ်ျဂျွဒ် ဖတ်ခြင်းဖြင့် တနေ့လုံးရွှင်မြူးနေမည်။ သဟဂ်ျဂျွဒ်သည် အကုသိုလ်များကို တားမြစ်ပေသည်
Saturday, January 5, 2013
ဒါလေးတွေသိပြီးပြီလား - ( ၅ )
၁။ ဘီးတောင်ပိုငှက်(ဟွဒ် ဟွဒ်)
၂။ ပုရွက်ဆိတ်
၃။ ပျား
၎။ ဖား
၅။ ဆွရ် အမည်ရှိ ငှက်တမျိုး
Friday, January 4, 2013
ဒါလေးတွေသိပြီးပြီလား - ( ၄ )
ဒါလေးတွေသိပြီးပြီလား
ဂျန္နသ် သုခဘုံသို့ ၀င်ရောက်ကြရမည့် တိရိစ္ဆာန်များ
၁။ “အဆ်ဟာဗေ့ကဟဖ်” ခေါ် ဂူတွင်းသား လုလင်ပျိုများနှင့် အတူရှိခဲ့သော “ခွေး”
၂။ တမန်တော်ဆွာလေးဟ် عَلَيْهِ السَّلَا مُ သခင်၏ “ကုလားအုပ်မ”
၃။ တမန်တော်အစ္စမာအီးလ် عَلَيْهِ السَّلَا مُ သခင်၏ “သိုး”
၎။ တမန်တော်ဆိုလိုင်မာန် عَلَيْهِ السَّلَا مُ သခင်နှင့် စကားပြောခဲ့သော “ပုရွက်ဆိတ်”
၅။ လှပသောအဆင်းသဏ္ဌန်များရှိသည့် ဥဒေါင်းငှက်၊ သမင်နှင့် ဒရယ် အစရှိသည့်သတ္တ၀ါများ ဖြစ်ပါသည်။
Thursday, January 3, 2013
ဒါလေးတွေသိပြီးပြီလား - ( ၃ )
Wednesday, January 2, 2013
ဒါလေးတွေသိပြီးပြီလား - ( ၂ )
တမန်တော်မြတ်သခင် صَلَّي اللهُ عَلَيْهِ وَسَلَّمْ ကိုယ်တော်က မိန့်ကြားတော်မူခဲ့ပါသည်။ မကြာမီ ငါကိုယ်တော်၏ အွမ္မသ်သားများအပေါ် အချိန်ကာလတစ်ခု ရောက်လာမည်။ ထိုအချိန်တွင် ၎င်း တို့သည် (၅) ခုသောအရာကို တပ်မက်မော၍ (၅)ခုသောအရာကို မေ့ပစ်ကြမည်။
Tuesday, January 1, 2013
ဒါလေးတွေသိပြီးပြီလား - ( ၁ )
၁။ သိုးမွှေးထိုးသည့်ကိစ္စရပ်အား ပထမဆုံးပြုလုပ်ခဲ့သူမှာ “ဘီဘီဟောင်ဝါ” သခင်မ ဖြစ်ပါသည်။
၂။ အ၀တ်အစားများ ချုပ်လုပ်သည့် ကိစ္စရပ်အား ပထမဆုံး ပြုလုပ်ခဲ့သူမှာ “စာရာဟ်” သခင်မ ဖြစ်ပါသည်။၃။ ပထမဦးဆုံး ခါးပတ် ပတ်ခဲ့သူမှာ “ဟာဂျေရာ” သခင်မ ဖြစ်ပါသည်။
၎။ အမျိုးသမီးများအနက် ပထမဆုံး (အီမာန်ယူခဲ့သူမှာ) “ ခဒီဂျာ” သခင်မကြီး ဖြစ်ပါသည်။
Subscribe to:
Posts (Atom)
★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★
Popular Posts
-
ထို(ဟ၀ါရီ)များက ကျွန်တော်မျိုးတို့သည် ထို(စားပွဲတွင် ပါရှိလေသော) စားဖွယ်ကို (ဗရ်ကတ်မင်္ဂလာရှိစေခြင်းအားဖြင့်) စားသုံးခြင်းငှာလည်းကောင်း၊ ...
-
اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ စာမျက်နှာ - (၂) ……………………………………………………...
-
(ပြန်လည်အောက်မေ့သတိရပါလေ၊) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့၊ "အို-မရ်ယမ် ၏သား အီစာ၊ အသင်က လူတို့အား အသင...
-
اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ စာမျက်နှာ - (၄) …………………………………………………...
-
اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ စာမျက်နှာ - (၁) ………………………………………………………...
-
اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ စာမျက်နှာ - (၅) ………………………………………………...
-
၎င်းသည် မင်းတုန်းမင်းတရားကြီးထံတွင် သီချင်းကြီး၊ သီချင်းခံ အမျိုးမျိုးတို့ကို တီးဆိုရသော “ဒေဝဣန္ဒာ” ဘွဲ့ခံ ဆရာကြီး၏ တပည့်ဖြစ်သည်။ ဖခင...
-
အမဲစက်နဲ့ ၀က်ခြံတင်းတိပ်များ ကင်းစင်ပြီး ဖြူဝင်းလှပ ညက်ညောတဲ့ မျက်နှာပိုင်ရှင်လေးတွေဖြစ်စေဖို့အတွက် သဘာဝရဲ့ သစ်ဥသစ်ဖု တစ်မျိုးနဲ...
-
အထက်လွှတ်တော်အမတ် ၀တ်လုံတော်ရမင်း ၁၉၃၀-ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့မှ ၁၉၃၁-ခု ဇန်န၀ါရီလ (၁၉)ရက်နေ့အထိ ဘိလပ်တွင် ကျင်းပသည့် မျက်နှာစုံည...
-
اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ စာမျက်နှာ - (၃) …………………………………………………...