اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ

Friday, May 3, 2013


(အို-နဗီတမန်တော်) အသင်၏အထက် အဆက်ဆက်က ရစူလ်တမန်တော်များသည်လည်း ပြက်ချော်ပြောင်လှောင်ခြင်းကို ထင်ရှားဧကန်အမှန် ခံ၍သွားခဲ့ကြရသည်။ထို့နောက် ယင်းရစူလ်တမန်တော်တို့အား ပြက်ချော်ပြောင်လှောင်ကြလေသောသူတို့ကို ၎င်းတို့ပြက်ချော်ပြောင် လှောင်ခဲ့ကြသော အပြစ်ဒဏ်သည်ပင်လျှင်ဝန်းဝိုင်းခဲ့ လေသည်။ (၆း၁၀)

Mocked were (many) messengers before thee; but their scoffers were hemmed in by the thing that they mocked. (6:10)

စူရာ ၆။(စူရတွလ် အံ(န်)အာမ်)သားကောင်များကဏ္ဍ
ယနေ့မျှဝေသည့် ကုရ်အာန် မုက္ခပတ်တော်မှာ စူရာ ၆ အာယတ်နံပါတ် ၁၀ ဖြစ်ပါသည်။

Thursday, May 2, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်-(၆း၉)



ထိုမှတစ်ပါး အကယ်၍သာ ငါအရှင်မြတ်သည်၎င်း (ရစူလ်တမန်တော်)အား ကောင်းကင်တမန် တစ်ပါးပြုလုပ်တော်မူခဲ့ပါလျှင် မုချဧကန် ငါအရှင်မြတ်သည် ထိုကောင်းကင်တမန်ကိုလည်း (ရုပ်ဆင်းသဏ္ဍာန်အားဖြင့်လူ)ယောက်ျားသာလျှင် ပြုလုပ်တော်မူမည်ဖြစ်သည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့အား (ယခု) ထိုသူများ ယုံမှားသံသယ ဖြစ်သကဲ့သို့ပင် (ထပ်မံ၍) မုချ ယုံမှား သံသယ ဖြစ်စေတော်မူမည် ဖြစ်၏။ (၆း၉)

Wednesday, May 1, 2013

ကျမ်းတော်မြတ် ကုရ်အာန်လာ အယာသ်တော်-(၆း၈)


၎င်းပြင် ထိုသူတို့က အဘယ်ကြောင့် ၎င်း (နဗီတမန်တော်)၏ အထံသို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ထားခြင်း မရှိပါသနည်း ဟု ပြောဆိုကြကုန်၏။ စင်စစ်မှာမူအကယ်၍သာ ငါအရှင်မြတ်သည် ကောင်းကင်တမန် တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် အရေးကိစ္စမှာ မုချ ဧကန်ပြီးဆုံးသွားမည် သာဖြစ်၏။ ထို့နောက်ပိုင်းတွင် ၎င်းတို့သည်(အပြစ်ပေးခြင်းမှ အနည်းငယ်မျှ) ရွှေ့ဆိုင်းခွင့်ကို ရရှိကြလိမ့်မည် မဟုတ်ပေ။ (၆း၈)

Related Posts Plugin for WordPress, Blogger...

★★ဤနေရာတွင် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးအား ဖတ်ရှူ့နိုင်ပြီး အသံဖြင့်လည်း နားထောင်းနိုင်ပါသည်။★★

Popular Posts