Wednesday, January 16, 2013

ဒါလေးတွေသိပြီးပြီလား - ( ၁၆ )


Hadis_Tafseer-0001
                                                            အုပ်ချုပ်မင်းလုပ်သူကို ဂုဏ်ပေးရမည်
အကြင်သူသည် ဤလူ့လောက၌ အလ္လာဟ်အရှင်မြတ်သခင် သတ်မှတ်ပေးတော်မူထားသည့် အုပ်ချုပ်မင်းလုပ်သူ အစိုးရအပေါ် ဂုဏ်ပေးလေးစားသမှု ပြုခဲ့မည်ဆိုပါက အရှင်မြတ်သခင်ကလည်း ထိုသူ့ကို ကိယာမသ် (ကမ္ဘာ့တရားခွင်) နေ့တွင် ဂုဏ်အဆင့်အတန်း ချီးမြှင့်ပေးသနားတော်မူပေလိမ့်မည်။
အကြင်သူသည် ဤလူ့လောကတွင် အလ္လာဟ်အရှင်မြတ်သခင် ချီးမြှင့်ပေးသနားတော်မူထားသော အုပ်ချုပ်မင်းလုပ်သူ အာဏာရအစိုးရ၏ ဂုဏ်သိက္ခာအပေါ် ကျူးလွန်စော်ကား ချိုးဖောက်ခဲ့လျှင် ထိုသူ့ကိုလည်း ကိယာမသ်နေ့၌ သေးသိမ်သောအဖြစ်ကို ပြန်လည်ခံစားရစေလိမ့်မည်။
တမန်တော်မြတ်ကြီး صَلَّي اللهُ عَلَيْهِ وَسَلَّمْ ၏ မိန့်မှာချက်ကို သာဝကတော်ကြီး အဘူဘကရ် رَضِيَ اللهُ عَنْهُ က ပြန်လည်၍ ပြောပြခဲ့သည့် သွဗ်ရာနီကျမ်းလာ ဟဒီးဆ်တော် ဖြစ်ပါသည်။

No comments:

Post a Comment