Friday, November 14, 2014

လူသား၏ ရတနာ ဆိုသည်မှာ



 اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ                                            စာမျက်နှာ - (၅)
……………………………………………………………………………………………………...................

လူသား၏ ရတနာ ဆိုသည်မှာ

               မနီသုတ်ရည်သည် လူသားတို့၏ ရတနာဖြစ်သည်။ ဆီပမာဖြစ်၏။ မီးခွက်တွင် ဆီရှိနေသမျှ မီးခွက်လင်းနေမည်။ ဆီကုန်သွားပါက မီးခွက် အလင်းရောင် ကုန်ဆုံးသွားပြီး အမှော်တိသွားပေမည်။ ထိုရတနာ(မနီ သုတ်ရည်)ပေါ်မှာပင် အင်န်စာန် လူသား၏ ယောကျာ်းအား တည်မှီ နေသည်။


        မနီသုတ်ရည်ကို သိရှိရန်မှာ ၁- ၎င်းသည် ပြစ်ချွဲသော အရည်ဖြစ်သည်။ ၂- ဖြူဖွေးသည်။ ၃- ကြွ၍ ခုန်၍ထွက်သည်။ အသိပညာရှင်တို့က ပြောသည်မှာ အင်န်စာန်လူသားများ စားသမျှသည် ပထမ အရည်ဖြစ်လေသည်။ အရည်မှ သွေးဖြစ်သည်။ တဖန် ထိုသွေးဖြင့် အသားဖြစ်သည်။ ထိုအသားမှ အဆီဖြစ်သည်။ အဆီမှ အရိုးဖြစ်သည်။ အရိုးများမှ ချင်ဆီဖြစ်သည်။ ထို့နောက် ၂၆ ရက်ကြာပြီးနောက် မနီသုတ်ရည် ဖြစ်လာသည်။ ပမာဆိုရသော် စက်ရုံ- (၇)ရုံ၏ နောက်တွင် မနီသုတ်ရည် ဖြစ်လေသည်။ အဘယ်မျှ တန်ဖိုးရှိလှသော ရတနာကို မှားယွင်းသော နည်းဖြင့် မှားယွင်းသော နေရာ၌ ဖျက်စီးကျသူတို့မှာ အလွန်အသိညာဏ် နည်းသူတို့ ဖြစ်ကြပေသည်။ ဤသို့ ပြုသောသူတို့မှာ အမြဲတမ်း နောင်တရကြပေသည်။

လူသား၏ ရတနာကို တန်ဖိုးထားခြင်း

           ကျွန်တော် ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ဤမနီရတနာသည် ဖြူသည်။ (ဟလ၀ါ) ကဲ့သို့ ဖြစ်သည်။ ထွက်ချိန်တွင် ကြွ၍ ခုန်၍ထွက်သည်။ အမျိုးသမီး၏ သားအတွင်းသို့ရောက်၍ ကိုယ်ဝန်တည်ရန် အကြောင်းရှိလာလေသည်။

              ဤသို့မှတ်ပါ။ လူသားမွေးရန် မျိုးစေ့ဖြစ်ပေသည်။ ဤမနီသုတ်ရည် ထွက်သော အခါတွင် လုလင်ပျိုအမျိုးသား၏ ပန်းကရိယာသည် (၃)မာရှာမှ (၆)မာရှာအထိ ရှည်ထွက်လာသည်။ ဤမနီသုတ်ရည်တွင် အရေးကြီးဆုံးမှာ သုတ်ပိုးများ ရှိရပေမည်။ အကယ်၍ ဤပိုများမရှိပါက ကိုယ်ဝန်မတည်နိုင်ပါ။ မနီသုတ်ရည်တွင် သုတ်ပိုးများ မရေမတွက်နိုင်အောင် ရှိပေမည်။ စင်စစ်မှာတော့ ကိုယ်ဝန်တည်ရန် သုတ်ပိုး တစ်ကောင်သာလျှင် လိုပေသည်။ သုတ်ပိုးခေါင်းသည် အနည်းငယ်လုံး၍ ပြားသည်။ မနီသုတ်ပိုးတို့သည် အဘယ်မျှ သေးငယ်သည်ဟူမူ မှန်ဘီးလူး(တယ်လီစကုပ်)ဖြင့်သာ ကြည့်၍ မြင်နိုင်သည်။ ဤသုတ်ပိုးသည် သွေးမှဖြစ်ပေါ်လာသည်။ လူခန္တာကိုယ်တွင် သွေးများစွာ ဖြစ်လာပါက ထို့မျှခန့်ပင် သုတ်ရည်များစွာ ဖြစ်ပေါ်လာသည်။ ပျိုရွယ်နုနယ်စင်တွင် မနီအများအပြားရခြင်းမှာ ငယ်ရွယ်နုနယ်စဉ်၌ သွေးများ များပြားလေသည်။ လူခန္တာကိုယ်တွင် မနီသုတ်ရည်ပြုလုပ်ရန်အတွက် အဓိက အပိုင်းများစွာတွင် ဥပမာ - အသည်း၊ ကျောက်ကပ်၊ နှလုံး၊ ဦးနှောက် စသည့်အစိတ်အပိုင်းများ မှန်ကန် ကောင်းမွန်စွာရှိရပေမည်။ သို့မှသာ လူသားစားသမျှ သွေးကောင်းများ ဖြစ်လာပေမည်။

No comments:

Post a Comment